Hymenoplasty ( အပျိုမြှေးပြုပြင်ခွဲစိတ်ခြင်း)
20-Jul-2017
အပျိုမြှေးဆိုတာ အမျိုးသမီးတွေရဲ့ အင်္ဂါဝမှာအလွှာပါးလေးတစ်ခုရှိတယ်။ သာမန်အားဖြင့် သေးငယ်တဲ့ အပေါက်လေးတွေပါလေ့ရရှိတယ်။ အရွယ်ရောက်လို့ မီးယပ်သွေးပေါ်ရင် မီးယပ်သွေးက ဟိုင်မင်အပေါက်ကနေ အပြင်ကို စီးထွက်နိုင်တယ်။ အဲ့ဒီဟိုင်မင်က အပိတ်ဖြစ်နေရင်တော့ မီးယပ်သွေးပေါ်တဲ့အခါ ပြဿနာဖြစ်နိုင်တယ်။ သွေးတွေအပြင်မထွက်နိုင်တော့ သားမွေးလမ်းကြောင်း သားအိမ်အတွင်းမှာ ခိုအောင်းပြီး ပြဿနာ ဖြစ်တာပါ။
ဟိုင်မင်က အမျိုးသမီးဟာ ပထမဦးဆုံး လိင်ဆက်ဆံတဲ့အခါ ပေါက်ပြဲသွားလေ့ရှိတယ်။ ဟိုင်မင်ပေါက်ရင် သွေးအနည်းငယ်ထွက်တယ်။ အဲ့ဒီလိုဖြစ်ရပ်ကို မိမိနဲ့ လက်ထပ်တဲ့ အမျိုးသမီးဟာ အပျိုစစ်စစ်ဖြစ်တယ်ဆိုပြီးဂုဏ်ယူတတ်ကြတာမျိုး အချို့ယဉ်ကျေးမှုမှာရှိတယ်။ ဒါကြောင့်လည်း ဟိုင်မင်ကို မြန်မာလို အပျိုမှေးလို့ ခေါ်ကြပါတယ်။ဟိုင်မင်ရှိမှအပျိုစစ်တယ်ဆိုတဲ့ အယူအဆက မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။ ဟိုင်မင်က ပထမဦးဆုံးလိင်ဆက်ဆံမှုကြောင့် ပေါက်ပြဲသွားတယ်ဆိုပေမယ့် အခြားအကြောင်းတွေကြောင့် ပေါက်ပြဲမှုလည်းဖြစ်တတ်ပါတယ်။ ဥပမာ- ထိခိုက်ဒဏ်ရာ ရတာ ၊ အားကစားပြုလုပ်တာ ၊ မိမိဘာသာစိတ်ဆန္ဒဖြေဖျောက်တာ ၊ သန့်ရှင်းရေးဆောင်ရွက်တာ၊လိုအပ်လို့ ကျန်းမာရေးစစ်ဆေးခံရတာစတဲ့ အကြောင်းမျိုးတွေကြောင့် အပျိုမြှေးပေါက်ပြဲသွားတတ်ပါတယ်။
အမျိုးသား အမျိုးသမီး အိမ်ထောင်ပြုကြရာမှ လိင်ဆက်ဆံမှုကိစ္စဟာ မလွဲမရှောင်သာပါလာမှာ ဖြစ်ပေမယ့် လိင်ကိစ္စထက် အရေးကြီးတာတွေရှိပါသေးတယ်။ ချစ်ခြင်းမေတ္တာ ၊ သံယောဇဉ်စတာတွေ ။ ဆေးပညာ ဗဟုသုတနားလည်ထားရင်လည်း ဟိုင်မင် အပျိုမြှေးရှိခြင်း မရှိခြင်းဟာ အပျိုစစ်ခြင်း မစစ်ခြင်းကို အတိအကျ မဖော်ပြနိုင်ဘူးဆိုတာ သိကြမှာပါ။ ပျက်ယွင်းသွားတဲ့ အပျိုမြှေးကို မူလအသွင်သဏ္ဍာန်ပြန်ရောက်အောင် ပြုပြငတာဟာ မလိုအပ်တဲ့ ကိစ္စတစ်ခု ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
credit:
By Dr. May Hnin Phyu(7887 Healthcare Call Center)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
