Hashimoto diseases( ဟာရှီမိုတို သိုင်းရွိုက်ရောင်ရောဂါ)
19-Nov-2016
မိမိ၏ ခန္ဓာကိုယ်မှ ခုခံအားဓာတ်သည် ပုံမှန်ထက်ပိုထွက်လာပြီး သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်သောကြောင့်ဖြစ်သည်။ သိုင်းရွိုက်ဂလင်းဆိုသည်မှာ လည်ပင်းအရှေ့ပိုင်း လည်စိအောက်တွင်တည်ရှိသည်။ ၎င်း၏ပုံမှန်အလုပ်သည် ခန္ဓာကိုယ်အတွက်လိုအပ်သော သိုင်းရွိုက်ဟော်မုန်းကို ပုံမှန်အတိုင်းထုတ်ပေးပြီး ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာများကို ကူညီရာတွင်အရေးပါသည်။ ယခုရောဂါကဲ့သို့ ခုခံအားဓာတ်အားပိုထုတ်ပြီး သိုင်းရွိုက်ကိုတိုက်သည့်အတွက်ကြောင့် ပုံမှန်ထုတ်ရမည့် သိုင်းရွိုက်ဟော်မုန်းမထုတ်နိုင်ဘဲ သိုင်းရွိုက်အားနည်းရောဂါ Hypothyroid ကို ခံစားရနိုင်သည်။သက်လတ်ပိုင်း အမျိုးသမီးများတွင် ပို၍အဖြစ်များသော်လည်း အမျိုးသားများနှင့် ကလေးသူငယ်များတွင်လည်းဖြစ်ပွားနိုင်ပါသည်။
လက္ခဏာများ
- လှုပ်ရှားမှုနှေးကွေးခြင်း၊ မောပန်းလွယ်ခြင်း
- အအေးဒဏ်မခံနို်င်ခြင်း
- ဝမ်းချုပ်ခြင်း
- ဖြူဖျော့ အသားခြောက်ခြင်း တနည်း စိုစိုပြေပြေမရှိခြင်း
- မျက်နှာဖောဖောင်းလာခြင်း
- အသံသြလာခြင်း
- အကြောင်းအရင်းရှာမရဘဲ ကိုယ်အလေးချိန်တက်လာခြင်း
- ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊အားမရှိသည်ဟုခံစားးရခြင်း
- အရိုးအဆစ်များတောင့်တင်းနာကျင်ခြင်း
- ရာသီအလာများခြင်း
- စိတ်ဓာတ်ကျလွယ်ခြင်း
ဖြစ်နိုင်ချေများသူများ
- အမျိုးသမီး။
- အသက်- လူလတ်ပိုင်း
- မျိုးရိုးဗီဇ- မိသားစုထဲတွင် သို့မဟုတ် မိမိတွင်အလိုအလျောက်ခုခံမှု ပြန်တိုက်သည့် အခြားရောဂါရှိပါက ဖြစ်နိုင်ခြေပိုများပါသည်။
နောက်ဆက်တွဲပြဿနာများ
လိုအပ်သည်ကို မကုဘဲထားပါက အခြားကျန်းမာရေးနောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။
- Goiter-လည်ပင်းကြီး ခြင်း။
- သွေးတွင်းအဆီဓာတ်များပြီး နှလုံးသွေးကြောကျဉ်းနိုင်သည့်အတွက် သွေးကြောကျဉ်းနှလုံးရောဂါ၊ကိုခံစားရနိုင်ပါသည်။
- စိတ်ပိုင်းဆိုင်ရာ စိတ်ကျဝေဒနာ
- Myxedema အသက်အန္တရာယ်ရှိသော သိုင်းရွိုက်အားနည်းခြင်း အခြေအနေ
- Birth defect ကလေးမွေးရာပါချွတ်ယွင်းမှုများဖြစ်နိုင်ခြင်း
စစ်ဆေးမှုများ
ရောဂါလက္ခဏာဖြစ်ပေါ်ပေါက်ခြင်းသာမက သွေးတွင်း လိုအပ်သည့်ဓာတ်များကိုလည်းရှာဖွေစစ်ဆေးပြီး ရောဂါကို တိကျအောင်စစ်ဆေးနိုင်ပါသည်။
သွေးစစ်ခြင်း- သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း T3,T4,TSH
Antibody test (TPO antibodies)- သွေးတွင်း ခုခံဓာတ် Ab ရှာဖွေခြင်း
ကုသခြင်း
ကုသခြင်းတွင် စောင့်ကြည့်ခြင်းနှင့် ဆေးဖြင့်ကုသခြင်းဟူ၍ခွဲခြားနိုင်သည်။ဟာရှီမိုးတိုးသိုင်းရွိုက်ဂလင်းရောင်ရောဂါ သည် အရမ်းမဆိုးပါက ဆေးသောက်ရန်မလိုသေးဘဲ စောင့်ကြည့်ပြီးလိုအပ်မှသာလျှင်ဆေးသောက်ရန်လိုပါသည်။ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းကြောင့်ဖြစ်သည့်အတွက် သိုင်းရွိုက်ဟော်မုန်းပြန်လည်ဖြည့်တင်းခြင်းဖြင့် သက်သာနိုင်ပါသည်။ လိုအပ်ပါက တစ်သက်တာလုံးသောက်သုံးရန်လည်း လိုအပ်ပေသည်။
Ref: Mayo clinic