Heat Exhaustion (အပူလက်ပန်းကျခြင်း )
09-May-2017အကျဉ်းရှင်းလင်းချက်
အပူ လက်ပန်းကျခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင်အပူချိန်လွန်ကဲပြီး ချွေးထွက်လွန်ခြင်း ၊ နှလုံးခုန်မြန်လာခြင်းတို့ဖြစ်လာခြင်းဖြစ်သည်။ ရာသီဥတုပူလွန်းခြင်း ၊ နေပူထဲတွင်နေရခြင်း အလုပ်လုပ်ရခြင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကြောင့် အဖြစ်မျာပြီး ကုသမှုမခံယူလျှင် အပူကြီး၍လေဖြတ်ခြင်းဖြစ်သွားနိုင်သည် ။
လက္ခဏာများ
အပူလက်ပန်းကျခြင်းဖြစ်လျှင် လက္ခဏာများမှာ ရုတ်ချည်းဖြစ်ပေါ်လာတတ်ပြီး တဖြည်းဖြည်းပိုဆိုးလာတတ်သည် ။
- ချွေးထွက်လွန်ခြင်း
- ပင်ပန်းခြင်း ၊ နုံးချိခြင်း
- မူးနောက်နောက်ဖြစ်ခြင်း
- အားနည်းခြင်း ၊ သွေးပေါင်ချိန်ကျခြင်း
- ကြွက်တက်ခြင်း
- ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း
- ရာသီဥတုပူနေသာ်လည်း အေးစက်လာခြင်း ၊ အသားအရေများခြောက်သွေ့ပြီး ကြက်သီးမွေးညင်းများ ထလာခြင်း တို့ဖြစ်တတ်သည် ။
ဖြစ်ပွားရသော အကြောင်းရင်းများ
ရာသီဥတုပူချိန်တွင် ခန္ဓာကိုယ်မှအပူချိန်အလွန်မင်းမတက်စေရန် ချွေးထွက်ခြင်းဖြင့် အပူချိန်ထိန်းသိမ်းရသည် ။ သို့သော် အပူလွန်သောအချိန်တွင် အလွန်အမင်းလှုပ်ရှားမှုပြုလုပ်သောအခါ ခန္ဓာကိုယ်မှာ ပြန်လည်အေးအောင်မလုပ်နိုင်တော့ပဲ အပူလက်ပန်းကျခြင်း သတိလစ်ခြင်းတို့ဖြစ်ပေါ်တတ်သည်။
ရေဓာတ်ဆုံးရှုံးခြင်း ၊ အရက်သောက်သုံးခြင်း ၊ အကျီင်္အထူများထပ်ဝတ်ခြင်း တို့ကြောင့်လဲ ဖြစ်စေတတ်သည်။ အပူလက်ပန်းကျခြင်းဖြစ်လျှင် ချက်ချင်းကုသမှု ခံယူရန်လိုအပ်သည်။ သို့မဟုတ်ပါက သတိလစ်ခြင်း အသက်ဆုံးရှုံးခြင်းတို့ဖြစ်ပေါ်တတ်သည်
ဖြစ်နိုင်ချေများသူများ
အများအားဖြင့်
- ကလေးငယ်များနှင့်လူကြီးများ
- အဝလွန်သူများ
- အရိပ်၊ အအေးခန်းတွင်နေနေကြသူများ နေပူထွက်ရခြင်း
- အအေးပိုင်းဒေသနေထိုင်သူများ အပူပိုင်းရောက်ရှိခြင်း
- ပူနွေးသည့်အပြင်ပတ်ဝန်းကျင်သည် ရေငွေ့ဓာတ်များ၍စွတ်ဆိုနေခြင်း တို့တွင် ပို၍ဖြစ်နိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
မကုသပဲထားလျှင် အပူလေဖြတ်ခြင်း ၊ သတိလစ်ခြင်း ၊ အပူချိန် 104F နှင့်အထက်ရောက်ရှိပြီး အသက်အန္တရယ်ထိခိုက်ခြင်း အထိဖြစ်တတ်သည်။
စစ်ဆေးမှုများ
အပူချိန်တိုင်းခြင်း
သွေးစစ်ခြင်း
ဆီးစစ်ခြင်း
ကြွက်သားလုပ်ဆောင်မှုများ စစ်ဆေးခြင်း
ဓာတ်မှန်ရိုက်ခြင်း တို့ပြုလုပ်ပြီး စစ်ဆေးနိုင်ပါသည်
ကုသခြင်း
- အေးမြ၍အရိပ်ရသော နေရာတွင်နားနေခိုင်းခြင်း
- အေးသောအချိုရည် များတိုက်ခြင်း
- ရေအေးအေးနှင့်ရေပတ်တိုက်ခြင်း ၊ ရေလောင်းပေးခြင်း
- ချောင်ချိသောအဝတ်များဝတ်ဆင်ပေးခြင်း
-လိုအပ်လျှင်အကြောဆေးသွင်းခြင်း
ကာကွယ်ခြင်း
အရောင်ဖျော့သော ချောင်ချောင်ချိချိရှိသော အဝတ်များဝတ်ဆင်ခြင်း
ပူပြင်းသောနေရောင်များကိုရှောင်ကျဉ်ခြင်း
အေးမြအရိပ်ရသောနေရာတွင်နေခြင်း
ရေနှင့်ဓာတ်ဆားများ လုံလောက်စွာသောက်သုံးခြင်း
အပူလွန်နေသောနေရာများရှောင်ကျဉ်ခြင်း ဥပမာနေရောင်အောက် ကြာရှည်စွာရပ်ထားသော ကားပေါ်သို့ ချက်ချင်းဝင်ခြင်း
Ref Mayo clinic
by Dr Aung Khant Ko