Print

Fibrocystic Breast ( ရင်သားအတွင်း အကျိတ်ဖြစ်ခြင်း )

  16-Aug-2018
Preview Image

ရင်သားကို  Fibrofatty tissues ဟုုခေါ်သော Fibre နှင့် အဆီ တစ်သျူး များဖြင့်တည်ဆောက်ထားပါသည်။  ၅၀ ရာခိုင်နှူန်းနှင့် အထက်သော အမျိူးသမီးများသည် ဓမ္မတာလာချိန်နှင့်အလိုက် ရင်သားတွင် ခံစားချက် အပြောင်းအလဲ ရှိကြပါသည်။ Fibrocystic Breast ဆိုသည်မှာ ကျန်းမာရေးကို ထိခိုက်စေလောက်သော ရောဂါ မဟုတ်ပါ။  ဓမ္မတာမလာခင် (၁) ပတ် အလိုတွင် ရင်သားအတွင်း Fibrofatty တစ်သျူးတွေ ကြီးလာပြီး တင်းလာပါသည်။လက်ဖြင့်စမ်းကြည့်လျှင်အလုံးအကျိတ် စမ်းမိပြီး နာကျင်တတ်ပါသည်။ ဓမ္မတာလာပြီးအချိန်တွင် အကျိတ်သည် သေးပြီး ပုံမှန်ပြန်ဖြစ်သွားတတ်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက  ထိုအကျိတ်ကို “ ပုံမှန် “ ဟုယူဆထားကြပါသည်။

လက္ခဏာများ

-ရင်သား တစ်ခုလုံး နာကျင် ကိုက်ခဲခြင်း

-ဓမ္မတာမလာခင်တွင် အကျိတ်ကြီးလာတာကို စမ်းမိခြင်း

-တစ်ခါတစ်ရံ နို့သီးခေါင်းမှ အစိမ်းရောင် ( သို့မဟုတ် ) အညိုရောင် အရည်များ စိမ့်ထွက်လာတတ်ခြင်း

-ရင်သားပြောင်းလဲခြင်းများကို နှစ်ဖက်စလုံးတွင် ခံစားရခြင်း

-သားဥကြွေချိန်နှင့် ဓမ္မတာမလာခင်အချိန်အတွင်း လစဉ် ရင်သားတွင် အကျိတ်စမ်းမိ၍ နာကျင်တတ်ခြင်း


ဖြစ်ပွားရသော အကြောင်းအရင်းများ

   အဓိကဖြစ်ရင်းအကြောင်းကို တိတိကျကျ ရှာဖွေမတွေ့ရှိသေးပါ။  ဒါပေမယ့် ဆေးပညာရှင်များကတော့ “ Estrogen “ ဟုခေါ်သော ဟော်မုန်းကြောင့် ဖြစ်တယ်လို့ ယူဆထားပါသည်။  ဓမ္မတာမလာခင်အချိန်တွင် ဟော်မုန်းအတက်အကျ အပြောင်းအလဲကြောင့် ရင်သားတင်း၍  အကျိတ်ဖြစ်ပေါ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းများကို ခံစားရပြီး ဓမ္မတာလာပြီးချိန်တွင် ထို ဝေဒနာများ လျော့ပါး (သို့မဟုတ် ) အရှင်းပျောက်သွားပါသည်။ထိုရင်သားအကျိတ်သည် ရင်သားကင်ဆာအဖြစ်သို့ မပြောင်းလဲတတ်ပါ။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ

-မူလအကျိတ်အပြင် နောက်ထပ် အလုံးအကျိတ်များ စမ်းမိလာခြင်း

-နာကျင်ကိုက်ခဲခြင်းများပိုမိုဆိုးရွားလာခြင်း

-ဓမ္မတာလာပြီးအချိန်၌ ဝေဒနာများဆက်လက်ခံစားနေရခြင်း


စစ်ဆေးမှုများ

-ရင်သားဓာတ်မှန်ရိုက်ခြင်း

-အာထရာဆောင်းရိုက်ခြင်း

-အသားစယူခြင်း


ကုသခြင်း

-သေးမျှင်သောအပ်ဖြင့် အကျိတ်အတွင်းမှအရည်များ  စုပ်ထုတ်ခြင်း

-ခွဲစိတ်၍ အကျိတ်ကိုဖယ်ထုတ်ခြင်း

-ရင်သားနာကျင်ကိုက်ခဲခြင်းကို သက်သာစေသောဆေးများ- 1. Evening Primose Oil

2. Vitamin E



Related Articles


Advertisment 18