တွေးမိလို့ပါ
23-Jul-2018သွားဆရာဝန်သည် လူနာတစ်ယောက်ကို သွားနုတ်နေစဉ် စောင့်ဆိုင်းနေသော သွားနုတ်မည့် အဘွားကြီးတစ်ဦးသည် ကြောက်ရွှံ့နေသည်ကို သတိထားလိုက်မိသည်။ ထို့ကြောင့် ပထမလူနာကို သွားနုတ်အပြီးတွင် လက်အိတ်ကို ချွတ်ရင်း …
ဆရာဝန် - “အဘွား၊ ဟောဒီ ရာဘာလက်အိတ်တွေကို ဘယ်လိုလုပ်လဲသိလား”
အဘွားအို - “မသိပါဘူးဆရာ”
ဆရာဝန် - “မက္ကဆီကိုမှာပေါ့၊ လက်အိတ်ထုတ်တဲ့ စက်ရုံကြီးထဲမှာ ရာဘာအရည်တွေ ထည့်ထားတဲ့ ကန်ကြီးဘေးမှာ အလုပ်သမားတွေ ဝိုင်းပြီး ရပ်နေကြတယ်။ ပြီးတော့ သူတို့လက်တွေကို ရာဘာအရည်တွေထဲ နှစ်လိုက်တယ်။ ပြီးတော့ ပြန်ထုတ်ပြီး အခြောက်ခံကြတယ်။ ခြောက်လည်းသွားရော လက်ကနေချွတ်ပြီး လက်အိတ်တွေကို သူ့အရွယ်အစားဆိုက်အလိုက် ပက်ကင်ထုတ်လိုက်ကြတယ်“
သို့သော် အဘွားကြီးထံမှ အပြုံ့လေးတစ်ချက်မှပင် ပေါ်မလာသဖြင့် ဆရာဝန်က ငါနောက်တစ်ပုဒ်ထပ်ပြောပြီး ကြိုးစားရဦးမယ်လို့တွေးနေစ
ဆရာဝန် - “ဘာများသဘောကျလို့လဲ အဘွားရဲ့”
အဘွားအို - “ခုမှ ကွန်ဒုံးကို ဘယ်လိုထုတ်လုပ်သလဲဆိုတာ တွေးမိလို့ပါ”
Credit : Original Writer