ပါးပါးလေးပဲ လွဲတာပါ
30-Aug-2018
ကျွန်ုပ် ယခုငှားနေတဲ့အိမ်က
အရင်က အရိုးအထူးကုဆရာဝန်နေပြီး
အရိုးအထူးကုဆေးခန်းဖွင့်ခဲ့
ဒါ့ကြောင့် အရိုးကျိုးတဲ့သူတွေ
ရောက်ရောက်လာတတ်ပါတယ် ။
ကိုယ်တွေက အရိုးအထူးကုဆရာဝန်
မဟုတ်လို့ သက်ဆိုင်တဲ့ဆရာဝန်ဆီ
ညွှန်းပို့လိုက်တာပါပဲ ။
ဒီနေ့လူနာတစ်ယောက် လာတယ် ။
အရိုးဆရာဝန်နဲ့ပြချင်လို့ ဆိုတယ် ။
သူတို့ အားလုံး သုံးယောက် ။
အားလုံးက အရိုးကျိုးလာတဲ့ပုံစံ မဟုတ် ။
ဒါနဲ့ အရိုးဆရာဝန်နဲ့ ဘာဖြစ်လာလို့
ပြချင်တာလည်းဆိုတော့ ---
ကန်တော့ပါဆရာဆိုပြီး လူနာက
ကျွန်တော့်ကျဉ်ချောင်း ( penis )
ကျိုးသွားလို့ပါတဲ့ ။
အဲလိုပါဆို ---
{ ကျဉ်ချောင်း (penis ) မှာ အရိုးမပါတာ
လူနာက သိမှမသိရှာတာ }
Credit : Aye Ko Ko
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
