အရိုးပွစေတဲ့ အစားအစာ (၃) မျိုး
25-Feb-2017ကျွနု်ပ်တို့ထဲမှာ မိမိကျန်းမာရေးကို တကယ် ဂရုစိုက်သူ ဘယ်နှစ်ယောက်ရှိကြ
ပါသလဲ။ ကျွနု်ပ်တို့နေထိုင်တဲ့ လက်ရှိကာလမှာ စိတ်ဖိစီးမှုများစွာနဲ့ အချိန်ပြည့် လုပ်ငန်း
စဉ်တွေရှိနေကြရာ မိမိကိုယ်ကို ဂရုစိုက်ပေးဖို့ အချိန်မရှိဖြစ်နေကြတယ်။ ဒီအချက်က
ရေရှည်မှာ ရလဒ်ဆိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အသက် ၃၀
နောက်ပိုင်း အရိုးကျစ်လစ်မှု လျော့နည်းလာတယ်။ အသက် ၃၀ ကျော်ရင် အမျိုးသမီး ၅၀% က အရိုးပွခြင်း ကြုံတွေ့နိုင်တယ်။ အရိုးအဆစ် ကျစ်လစ်မှု အားနည်းလာ
တာကြောင့် ကျိုးအက်လွယ်ခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း၊ အရိုးပွခြင်း၊
အဆစ်ရောင်နာစတဲ့ ရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီအတွက် သင့်တင့်မျှတတဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်-ဒီ ဓာတ်တို့ လိုအပ်ပါတယ်။ သို့သော် အရိုးကျစ်လစ်မှု ဖျက်ဆီးတဲ့ အရာတချို့လည်းရှိပါတယ်။ အရိုးသိပ်သည်းမှု လျော့နည်းစေပြီးအမြန်ဆုံး
လျော့တဲ့ အစားအစာ (၃) ခု ရှိပါတယ်။
(၁) အရက်သေစာ
--------------------
အရက်သေစာက ဗီတာမင်-ဒီနဲ့ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုမျှခြေ ထိခိုက်စေ
တာကြောင့် အရိုးသိပ်သည်းမှု လျော့နည်းစေနိုင်တယ်။ ဒ့ါကြောင့် အရက်ကို အမြဲတမ်း အတန်အသင့်သာ သောက်ပါ။ ဒ့ါအပြင် အသည်းလည်း ပြင်းထန်စွာ ထိခိုက်စေနိုင်ပါ
တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အရက်သေစာ မသောက်သုံးဖို့လည်း အကြံပြု
ထားပါသေးတယ်။
(၂) ဆား
-----------
ဆား အရမ်းငန်တဲ့ အစားအစာကို စားသုံးနေပါက ချက်ချင်းရပ်ပါ။ အာလူးချောင်းကြော်တွေ၊ အကြော်အလှော်တွေ၊ အစာပြေစားစရာတွေမှာ ဆားဓာတ်
မြင့်မာစွာပါဝင်ပြီး ကယ်လ်ဆီယမ်ဓာတ်စုပ်ယူနိုင်မှု လျော့နည်းကာ အရိုးပွစေနိုင်ပါတယ်။
ကယ်လ်ဆီယမ်ဓာတ်စုပ်ယူမှု ပိုလျော့နည်းပြီး ဆိုဒီယမ် အငန်ဓာတ် အလွန်အကျွံ စုပ်ယူ
မှုဖြစ်စေနိုင်တယ်။ သွေးပေါင်တက် ဆားဓာတ်များများစားသုံးခြင်းကြောင့်လည်း
ဖြစ်ပါတယ်။
(၃) ကဖိန်းဓာတ်
------------------
ညနက်အထိ အလုပ်လုပ်တာ သဘောကျတယ် ဒါမှမဟုတ် တစ်ရက်တည်း
ကော်ဖီ၊လက်ဖက်ရည်အများကြီးသောက်ဖို့ ဖြစ်စေတဲ့ စိတ်ဖိစီးမှုအပြင်းအထန်ရှိနေပါက
အဲဒီအကျင့်ကို လျော့ချသင့်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကဖီးဓာတ်က အရိုးကျိုး
အက်စေနိုင်တဲ့ ကယ်လ်ဆီယမ်ဓာတ်စုပ်ယူမှု လျော့နည်းစေလို့ပဲဖြစ်ပါတယ်။ ကဖီးဓာတ်
ကသင့်ကို နိုးကြားစေနိုင်ပေမယ့် အရိုးအတွက်မကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်စေ
ပါတယ်။
Ref:ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar