ဆားများတဲ့ အစားအသောက်တွေ စားတာက မနက်ခင်းမှာ မျက်နှာကို ဖောင်းအစ်နိုင်...
25-Feb-2017
ဒါကဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာနေတဲ့ လူတွေမှာတော့ မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်က ဆားကဲတဲ့ အစားအသောက်တွေကို စားပြီးချိန်မှာ ခန္ဓာကိုယ်ထဲ ဆိုဒီယမ်အဆင့် မြင့်တက်လာပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့
ရေဓာတ် ဟန်ချက်ညီမျှစေဖို့ ရေဓာတ်ကို ပိုမိုစုပ်ယူရပါတော့တယ်။ ဒါပေမယ့် ပုံမှန် ကျန်းမာရေးကောင်းနေတဲ့ လူအများစုမှာတော့ ခန္ဓာကိုယ်ထဲ ဆားနဲ့ရေဓာတ် များတာကြောင့် မျက်နှာမှာ အရည်စုပုံမှု မဖြစ်တော့ပါဘူး။
အကြောင်းက ကျန်းမာနေတဲ့ ကျောက်ကပ်တွေက အချိန်တိုအတွင်းမှာ ဆားနဲ့ ရေအပိုတွေကို စွန့်ထုတ်နိုင်စွမ်းရှိလို့ပါ။ ကျောက်ကပ်၊ နှလုံးနဲ့ အသည်းတို့ မကောင်းတဲ့သူတွေမှာ မျက်နှာတစ်ဝိုက် အရည်စုပုံမှုဖြစ်ပြီး ဖောင်းအစ်နေတတ်ပါတယ်။ အထူးသဖြင့် ခြေချင်းဝတ်ပတ်လည်မှာ ဖောင်းအစ်မှု ပိုဖြစ်နိုင်ပါတယ်။ ဆားကဲတဲ့ အစားအသောက်တွေကို မစားတော့ဘဲ ရှောင်ရှားနေရင်တောင် မျက်နှာဖောင်းအစ် တာနဲ့ ခြေထောက်တွေ ဖောင်းအစ်တာတွေ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုနေပါပြီ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Good Health
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

