ဂေါ်ဖီထုပ် အစွမ်း
28-Feb-2017ဂျပန်နိုင်ငံမှ သုတေသန ပညာရှင်များက ဆိုကြသည်။ ဂေါ်ဖီထုပ်သည် အိုမင်းမှုကို ကာကွယ်ပေး နိုင်သည်။ အစာအိမ်၊ အူမကြီးများ လှုပ်ရှားစေသည်။ ရောင်ရမ်းခြင်း ကိုလည်း ပျောက်ကင်းစေသည်။ ကင်ဆာကို ခုခံနိုင်သည်။ အအေးမိခြင်းနှင့် သွေး အားနည်းခြင်း ကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ဂေါ်ဖီထုပ်သည် ဓာတ်သဘောအရ သာမန် ဖြစ်၏။ အရသာမှာ ချို၏။ အစာအိမ်၊ အူမကြီးကို ကောင်းကျိုးဖြစ်စေသည်။
စားသုံးသင့်သူများ
ဂေါ်ဖီထုပ်ကို အသက်ကြီးငယ်မရွေး စားသုံးနိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံးရန် သင့်လျော်ပါသည်။ အစာခြေလမ်းကြောင်း တွင် ပြည်တည်နာ ဖြစ်နေသူ၊ ဝိတ်ချနေသူ၊ ကျောက်တည်နေသူ၊ သွေးကြောမာနေသူများ၊ ဝမ်းချုပ်နေသူများ၊ ဆီးချိုရောဂါ ရှိသူ၊ အဆီနဲ့ ဝနေသူများလည်း စားသုံးပေးသင့်သည်။
ဂေါ်ဖီထုပ်တွင် ပါဝင်သောဓာတ်များ
ဂေါ်ဖီထုပ်တွင် သကြားဓာတ်၊ ပတ်တင်ဓာတ်၊ ဗီတာမင်စီ၊ ဆယ်လူလို့စ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်ကေ၊ ဗီတာမင်ယူ၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ် ၊ ဖောလစ် အက်ဆစ်ဓာတ်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ခယ်လီယမ်တို့ ပြည့်ဝစွာ ပါဝင်သည်။
ဂေါ်ဖီထုပ်ဝယ်ရာတွင်
ဂေါ်ဖီထုပ်ဝယ်ရာတွင် အနာအဆာကင်း၍ ပိုးကင်းကာ ဝိုင်းဝန်းသော ပုံသဏ္ဍာန်နှင့် လတ်ဆတ်သော ဂေါ်ဖီကို ရွေးဝယ်ပါ။ မူလအရောင် လွင့်ပျောက်ပြီး ညှိုးနွမ်း ခြောက်သွေ့ နေသော ဂေါ်ဖီမျိုးကို ဝယ်မိခြင်းမှ ရှောင်ပါ။
ဂေါ်ဖီထုပ် သိမ်းဆည်းခြင်း
ဂေါ်ဖီထုပ်ကိုဝယ်၍ အေးမြသောနေရာတွင် သိမ်းဆည်းထားပါက ၂ ပတ်နီးပါး အထားခံနိုင်ပါသည်။
သတိပေးချက်
ဂေါ်ဖီထုပ်ကို ကြော်ပါက ဂေါ်ဖီ မကျက်ခင်အချိန် အစောပိုင်းတွင် ဆား မထည့်ပါနှင့်။ အစောပိုင်းတွင် ဆားထည့်မိပါက ဂေါ်ဖီ၏ အာဟာရဓာတ် ပျောက်ဆုံးသွားတတ် ပါတယ်။ ဂေါ်ဖီကို ဟင်းရည် ချက်မည်ဆိုပါက ဗီတာမင်စီဓာတ် ပျက်စီးသွားတတ် ပါတတ်သည်။ ဂေါ်ဖီကို ချက်တဲ့အခါ အချိန်အကြာကြီး မချက်ပါနှင့်။
ကောင်းကျိုး
ဂေါ်ဖီထုပ်သည် ဝမ်းကိုက်သူ၊ ပင်ပန်းနွမ်းနယ် သူတို့အတွက် အကျိုးရှိစေ၏။ ဆယ်လူလို့စ်နှင့် ဗီတာမင်စီ ပါဝင်နေခြင်းကြောင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ ဂေါ်ဖီထုပ်သည် အအေးမိခြင်းကို မဖြစ်စေရန် ကြိုတင်ကာကွယ်ပေး သည်။
ဂေါ်ဖီထုပ်တွင် ပါဝင်သော ဖောလစ်အက်ဆစ်ဓာတ်သည် သွေးအားနည်း ရောဂါ ဖြစ်သူအတွက် အကျိုးရှိစေသည်။ ဂေါ်ဖီထုပ်၏ မူလသဘာဝသည် ကင်ဆာကို ခုခံပေးနိုင် သည်။ အဆုတ်ကင်ဆာကို အဓိကအားဖြင့် လျှော့ချပေးနိုင် သည်။ ဂေါ်ဖီထုပ်တွင် ပါဝင်သော ဗီတာမင်ယူ၊ ကေတို့သည် အစာအိမ်၊ အူမကြီးပြည်တည်နာကို ကောင်းကျိုး ရှိစေသည်။ ခန္ဓာကိုယ်ရှိ ပိုးမွှားများကို သတ်ပေးနိုင်သည်။
ဂေါ်ဖီထုပ်သည် အလာဂျီ ဖြစ်ခြင်းကိုလည်း မဖြစ်စေရန် လျှော့ချပေးသည်။ ခန္ဓာကိုယ်တွင် ရောဂါပြီးဓာတ်ကို ပိုတိုးပွားစေသည်။ အသည်း၊ ကလီစာများထဲရှိ အဆိပ်များကိုပါ ဖယ်ရှားရှင်းလင်း ပေးနိုင်သည်။ ဂေါ်ဖီထုပ်သည် ခန္ဓာကိုယ်တွင် ရောင်
ခြင်း၊ နှာစေးခြင်း၊ ဟတ်ချိုးဖြစ်ခြင်း၊ အရေပြားပေါ်တွင် အနီဖု ထွက်လာကာ ယားယံခြင်း၊ ဆဲလ်များအတွင်း ကင်ဆာ ကြာရှည် အမြစ်တွယ်နေခြင်း မဖြစ်စေရန် တားဆီးပေးသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ယမုံအေး (စမ်းချောင်း)
Ziwaka magazine, March 2014, Pg. 141-143