Print

ဘေးဥပဒ်အန္တရာယ်ကင်းသော အစားအစာများရရှိရေးအတွက် လိုက်နာရမည့် အချက် (၁၀)...

  28-Feb-2017
Preview Image

၁။ လတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလများကိုသား ရွေးချယ်၍ ဝယ်ယူပါ။ သေချာဆေးကြော သုတ်သင်သန့်စင်ပြီးမှ စားသုံးပါ။

 

၂။ အစားအစာများကို ကျက်အောင်နူးနပ်အောင် ချက်ပြုတ်စားသုံးပါ။ (ဥပမာ-အသား၊ ငါးနှင့် ပင်လယ်စာများကို အသားတုံးသေးသေး ညီညီတုံး၍ ကျက်အောင်ချက်ပါ။ နို့များကို အစိမ်းမသောက်ပါနှင့်။ ဆူအောင်ကျိုပြီးမှသောက်ပါ။)

 

၃။ ချက်ပြုတ်ထားသော အစာများကို ပူပူနွေးနွေးစားသုံးပါ။

 

၄။ ချက်ပြုတ်ပြီးအစာများကို ချက်ချင်းမစားသုံးပဲ ခွဲ၍ချန်ထားလျှင် ရေခဲသေတ္တာထဲတွင် စနစ်တကျ သိမ်းဆည်းထားပါ။ သို့မဟုတ် ဖီးဖိုပေါ်တွင် အပူပေး၍ တည်ထားပါ။ (အခန်းအပူချိန်တွင် ၂ နာရီထက်ပို၍ မထားပါနှင့်။)

 

၅။ ပွဲချန်၍ သိမ်းဆည်းထားသော အစာများကို ကောင်းစွာပြန်ချက်ပြီးမှစားပါ။

 

၆။ ချက်ပြုတ်ပြီး အစာများနှင့် မချက်ပြုတ်ရသောအစာများကို မထိမိ၊ မရောမိအောင် ဂရုစိုက်ပါ။ (ဥပမာ - အသားစိမ်း၊ ငါးစိမ်းများတင်၍ လှီးဖြတ်ထားသော စဉ်းတီတုံးပေါ် တွင် ချက်ပြုတ်ပြီး အသားတုံးများကို မလှီးဖြတ်ပါနှင့်)

 

၇။ အစားအစာများ ကိုင်တွယ်ချက်ပြုတ်သူ၊ ပြင်ဆင်ပေးသူသည် အစားအစာများကို မကိုင်တွယ်မီ လက်များကို စင်ကြယ်အောင်ဆေးကြောရမည်။ အိမ်သာတက်ပြီးသည့် အခါ၊ အညစ်အကြေးကိုင်တွယ်ပြီးသည့်အခါတိုင်း လက်ကိုအထူးဂရုစိုက်ဆေးပါ။ လက်တွင် အနာရှိလျှင် အစားအစာများကို မကိုင်တွယ်ပါနှင့်။

 

၈။ မီးဖိုချောင်ကြမ်းပြင်နှင့်၊ ပတ်ဝန်းကျင်၊ မီးဖိုချောင်သုံးပစ္စည်းအားလုံး (လက်နှီးအပါ အဝင်) ကို သန့်ရှင်းအောင်ထားပါ။

 

၉။ အစားအစာများကို ယင်ကောင်၊ ပိုးဟပ်၊ ပုရွက်ဆိတ်၊ ကြွက်စသည့် ပိုးမွှား တိရစ္ဆာန်များ၊ ခွေးကြောင်းစသည့် အိမ်မွေးတိရစ္ဆာန်များ လက်လှမ်းမီအောင် သိမ်းဆည်းပါ။ ထမင်းအိုး၊ ဟင်းအိုးများကို လုံအောင်ဖုံးဖိထားပါ။ ကြောင်အိမ်ကို လုံအောင်ပိတ်ထားပါ။

 

၁၀။ အစားအစာများ ဆေးကြောချက်ပြုတ်ရာတွင် သန့်ရှင်းအောင် ရေကိုသာသုံးပါ။ ကလေးများအတွက် အစားအစာပြင်ဆင်ရာတွင် ရေကျက်အေးကိုသာ သုံးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်းလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18