Print

သကြားကမည်သို့ဝစေသလဲ

  28-Feb-2017
Preview Image

ချိုသော အစားအစာသည် မကောင်းဟု သင်သိပါလိမ့်မယ်။ သို့သော် ချိုသော အစားအစာများ အားလုံးကို သင်ရှောင်ကြဉ်ဖို့ ခက်ပါလိမ့်မည်။ အရေးကြီးသည်မှာ သင့်အတွက် အဆိုပါအစားအစာများ မလွန်ကဲစေဖို့သာ ဖြစ်ပါသည်။

 

သကြားနှင့်ပတ်သက်လာလျှင် အကောင်းထက် အဆိုးများကိုသာ ကြားရပါ လိမ့်မည်။ စင်စစ်အားဖြင့် သကြား (ဂလူးကို့စ်) သည် ခန္ဓာကိုယ်အတွက် အဓိကလို အပ်သော စွမ်းအင်ပေးသော အာဟာရတစ်မျိုးဖြစ်သည်။ အစားအစာများစားသုံးပြီး သွေး၌ သကြားဓာတ် မြင့်တက်လာချိန်တွင် ဟော်မုန်းအင်ဆူလင်ကို Pancreas ပန်ကိရိယာမှ ထုတ်လုပ်သည်။

 

သကြားဓာတ်ဟု ခြုံငုံခေါ်ဆိုရာတွင် အဓိကအားဖြင့် ဂလူးကို့စ်ကို ရည်ညွှန်းသော် လည်း နို့သကြား Lactose မှ ဂလက်တို့စ် Galactose၊ ကြံသကြား Sucrose မှ Fructose ဖရပ်တို့စ်နှင့် အဓိကဆက်နွှယ်သည် ဟုဆိုသည်။ သကြားဓာတ်သည် ခန္ဓာကိုယ်၌ စွမ်းအင်အဖြစ် အဓိကသုံးစွဲသော်လည်း ပိုလျှံသောအခါ အဆီ အဖြစ် ပြောင်းလဲသွားသည်။

 

အဆီကို အရေပြားအောက်နှင့် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း တချို့တွင် သိုလှောင် ထားနိုင်သည်။ ဖရပ်တို့စ် စားသုံးခြင်းသည် အခြားသော သကြားအမျိုးအစားထက် အဆီတည်ဆောက်မှုကို နှစ်ဆခန့် ပိုကဲစေသည်။ ထို့ကြောင့် ကိုယ်အလေးချိန်များမှု၊ သို့မဟုတ် အဝလွန်ကဲမှုကို ပိုမိုဖြစ်စေနိုင်သည်။

 

ဖရပ်တို့စ်ကို သစ်သီးများနှင့် ကြာရှည် အထားခံအောင် ပြုလုပ်ထားသော အစားအစာများတွင် တွေ့ရနိုင်သည်။ ဖရပ်တို့စ်ပါ၍ သစ်သီးများကို ရှောင်ကြဉ်ရန်မလိုပေ။ သစ်သီးများတွင် အခြားသော ကျန်းမာရေးအတွက် အရေးကြီးသော အာဟာရဓာတ်များ ပါဝင်သည်။ ကြာရှည်ထားခံအောင် ပြုလုပ်ထားသော အစားအစာများများမှာမူ ဖရပ်တို့ စ်ပါဝင်ခြင်း အပြင်အသွင်ပြောင်းဆီများ ပါဝင်သဖြင့် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသောကြောင့် စားသုံးရန်မသင့်ပေ။

 

သကြားဓာတ်လွန်ကဲစွာပါသော အစားအစာများတွင် ဆော်ဒါရည်များ ပါဝင်သည်။ အချိုရည်များတွင် ပါသော သကြားဓာတ်များသည် အဆီအဖြစ်ပြောင်းလဲပြီး ကိုယ်အလေး ချိန်များလာလေ့ရှိသည်။ ယနေ့အချိန်တွင် ကလေးငယ်များ အဝလွန်ကဲလာမှုသည် အချိုရည်များသောက်သုံးမှုနှင့် ဆက်နွှယ်နေကြောင်း တွေ့ရသည်။

 

သကြားဓာတ်ဖြည့်စွက် ထားသော အရည်များကို ရှောင်သင့်သည်။ သကြားဓာတ် သည် စွမ်းအင်ပေးသော အာဟာရဖြစ်သဖြင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည်ဖြစ် ရာ သင့်တင့်မျှတစွာ စားသုံးရပါမည်။ သို့သော် လွန်ကဲစွာ မစားသုံးမိဖို့က ဂရုစိုက် ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18