နွေရဲ့ရာသီစာ ဖရဲသီးအကြောင်းလေးပြောပြမယ်
18-Apr-2017နွေရာသီမှာ အတော်များများဟာဖရဲသီးစားရတာ ကိုသဘောကျနှစ်ခြိုက်ကြတယ်။ ဒီတော့ဖရဲသီးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတာလေးတွေပြောပြမယ် ။ ဖရဲသီးမှာအဓိကကတော့ ရေဓာတ်၉၂% တောင်ပါဝင်ပါတယ်။
ဒါပေမယ့်ရိုးရိုးရေမဟုတ်ပါဘူး အာဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတဲ့ရေတွေပါ ။ဗီတာမင် A, B6 နဲ့ C ဓာတ်များ၊ လိုက်ကိုပင်း(lycopene)ဓာတ်များ ၊ အန်တီအောက်ဆီဒန့်များ ၊ အမိုင်နိုအက်ဆစ်များ စုံလင်စွာပါဝင်နေပါသည်။ ဒါ့ကြောင့်
- နှလုံးဆဲလ်များ ပျက်ဆီးခြင်းကိုကာကွယ်ပေးသဖြင့် နှလုံးရောဂါဖြစ်ပွားနှုန်းလျော့ကျခြင်း
- ရောင်ရမ်းခြင်းကိုလျော့ကျစေနိုင်သဖြင့် အဆစ်မြစ်ရောင်ခြင်း ခန္ဓာကိုယ်ရောင်ရမ်းခြင်းတို့ကိုသက်သာစေခြင်း
- ရေဓာတ်ဖြည့်စွမ်းပေးနိုင်သဖြင့် ရေဓာတ်ခမ်းခြောက်သူများ တွင်သုံးနိုင်ခြင်း
- အစာခြေမှုကောင်းမွန်စေခြင်း
- အသားအရေနှင့် ဆံပင်ကိုအားဖြည့်ပေးခြင်း
- ကင်ဆာဖြစ်ပွားမှုကာကွယ်ခြင်း အကျိုးကျေးဇူးများရရှိနိင်ပါသည်
ဒါ့အပြင် ဖရဲသီးစားတဲ့အခါ အနီရောင်၊အဝါရောင်ရှိတဲ့ အတွင်းသားကိုသာ စားသုံးကြပြီး အခွံနဲ့ကပ်နေ တဲ့ အဖြူသားကို ဖယ်ရှားတတ်ကြပါတယ်။ တကယ်တော့ ဖရဲသီးရဲ့အသားဖြူထဲမှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေကလဲ့ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုစေပါတယ်
သွေးဖိအား ပုံမှန်ဖြစ်စေတယ်
သွေးတိုးရောဂါရှိသူတွေ အနေနဲ့ဖရဲသီးစားသုံးတဲ့အခါ အဖြူသားကို မဖြစ်မနေ စားသုံးသင့်ပါတယ်။ သွေးစီးကြောင်းထဲမှာရှိတဲ့ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတာကြောင့်ပါ။ လေ့လာမှုတွေ အရ သွေးတိုးရောဂါရှိသူတွေမှာ စမ်းသပ်ခဲ့ရာ သွေးဖိအားပုံမှန် ဖြစ်အောင် လုပ်ဆောင်ပေး တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဆီးလမ်းကြောင်း ကောင်းမွန်အောင် အထောက်အကူပြုတယ်
ဖရဲသီးအဖြူသားမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိပြီး ကျောက်ကပ်ရဲ့လုပ်ငန်း ဆောင်တာ ကို ကောင်းမွန်အောင် အားပေးကူညီပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်း တစ်လျှောက် ကိုလည်း သန့်စင်ပေးပါတယ်။နေ့စဉ် တစ်နေ့ကို ရေ ၈-၁၂ ဖန်ခွက်မသောက်ဖြစ်ခဲ့ ရင်တောင် ဖရဲသီးအဖြူသားကို စားသုံးပါက ဆီးလမ်းကြောင်း သန့်စင် စေပါတယ်။
ဒါကြောင့် အရသာလည်းရှိ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖရဲသီးစားပြီး နွေရာသီမှာအေးချမ်းနိုင်ပါစေ။
Credit : Juan AK