Print

အနီရောင်ရှိသော အစားအစာနှင့် ကျန်းမာရေး

  25-Apr-2017
Preview Image


စျေးထဲမှာ နေ့စဉ်မြင်နေရတဲ့ ခရမ်းချဉ်သီးအမှည့်၊ ဖရဲသီးအနီရောင်၊ စတော်ဘယ်ရီ၊ ပန်းသီးအခွံ၊ ငရုတ်သီး အနီရောင်၊ စပျစ်သီးအနီရောင်တွေ နီနေရခြင်းဟာ သူတို့မှာ ပါဝင်တဲ့ lycopene လို့ခေါ်တဲ့ carotenoids တစ်မျိုးကြောင့်ဖြစ်ပါတယ်။သူ့ရဲ့ မော်လီကျူးတည်ဆောက်ပုံဟာ အလွန်ခိုင်ခံ့ပြီး တော်ရုံနဲ့ မပျက်ဆီးနိုင်ပါဘူး။ အပူပေးခြင်း၊ ချေမွဖျက်ဆီးခြင်း စတဲ့ နည်းတွေနဲ့ ဖျက်ဆီးလို့မရအောင် ခိုင်မာလှပါတယ်။အနီရောင်အဓိက အများဆုံးပါတဲ့ အစာတွေကတော့ ခရမ်းချဉ်သီးအမှည့် ဖြစ်ပါတယ်။ ကျန်အသီးအနှံတွေဖြစ်တဲ့ ဖရဲသီး၊ ပန်းသီးအခွံ၊ စတော်ဘယ်ရီသီး၊ စပျစ်သီးအနီ၊ ငရုတ်သီးအနီတွေမှာလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးကတော့ အများဆုံးပါဝင်ပါတယ်။


ဒီအနီရောင်ခြယ် lycopene ဟာ ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုပါတယ်။ သူ့ရဲ့ အဓိကထမ်းဆောင်တဲ့ တာဝန်ကတော့ anti-oxidant လို့ခေါ်တဲ့ ဓါတ်တိုးဟန့်တား တာဝန်ဖြစ်ပါတယ်။ ဒီလို anti-oxidant activity ကြောင့်မို့ ခန္ဓာကိုယ် အတွက်အဓိက အရေးကြီးတဲ့ ရောဂါကြီး နှစ်ခုမှာ အသုံးဝင်ပါတယ်။နံပါတ်တစ် ကင်ဆာရောဂါအမျိုးမျိုးကနေ ကာကွယ်ရာမှာ အဓိကဖြစ်သလို ကုသရာမှာလည်း များစွာ အထောက်အကူပြုပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါကို ကာကွယ်ရာမှာ နံပါတ်တစ်ဖြစ်ပါတယ်။အခြားကင်ဆာများအနေနဲ့ ဆီးအိမ်ကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ သားမြတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ တို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။နံပါတ်နှစ်အနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဦးနှောက်သွေးကြောကျဉ်းရောဂါတို့ဖြစ်ပြီး heart attack လို့ခေါ်တဲ့ နှလုံးသွေးမလျှောက်တော့ပဲ ရုတ်တရက် သေဆုံးခြင်းနဲ့ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါ တွေကို ကာကွယ်ကုသရာမှာ အသုံးဝင်ပါတယ်။


ခရမ်းချဉ်သီးဟာ အရေပြားရောဂါ အမျိုးမျိုးကို ကာကွယ်ကုသရာမှာ အသုံးဝင်ပါတယ်။ တင်းတိတ်ဖြစ်ခြင်း၊ ပါးရေတွန့်ခြင်း၊ နေလောင်ခြင်းမှ အစ အရေပြားကင်ဆာ အဆုံး ကာကွယ်ကုသရာမှာ အစွမ်းထက်လှပါတယ်။အပင်လောကမှာရှိတဲ့ အများသော အာဟာရတွေ အထူးသဖြင့် vitamin တွေမှာ ဒီအတိုင်းအစိမ်းစားတာ ပိုကောင်းပါတယ်။ ဥပမာ - Vitamin C ပါတဲ့ သံပုရာသီး၊ ရှောက်သီး ရဲ့ အရည်တွေကို ဒီအတိုင်းသောက်ရင် အာဟာရတန်ဖိုးအများဆုံးဖြစ်ပြီး၊ နေပူလှန်းရင် အပူနဲ ထိတွေ့ရင် ပျက်ဆီးဆုံးရှုံးမှု ဖြစ်တတ်ပါတယ်ခရမ်းချဉ်သီးကို အစိမ်းအတိုင်းစားရင် ခရမ်းချဉ်သီးမှာပါတဲ့ Vitamin C တို့ beta-carotene တို့ကိုတော့ ရမှာဖြစ်ပြီး lycopene ကတော့ အာနိသင်ရမှာ မဟုတ်ပါဘူး။ စားတဲ့နေရာမှာ ပါလာပေမဲ့ အူနံရံကနေ စုပ်ယူအသုံးပြုနိုင်ခြင်း မရှိလို့ ဒီအတိုင်းမစင်နဲ့အတူ ပြန်ထွက်သွားမှာဖြစ်ပါတယ်၊ နောက်တစ်ခု သတိထားဖို့က gout ရောဂါ ရှိသူတွေဟာ ခရမ်းချဉ်သီးစားရင် အစေ့က uric acid တက်စေလို့ အစေ့ထုတ်ပြီးမှ စားဖို့လိုပါတယ်။ ဆန်ခါနဲ့ တိုက်ပြီးထုတ်လို့ ရပါတယ်။


ခရမ်းချဉ်သီးကိုစားရင် ဟင်းချက်စားတာ အကောင်းဆုံးဖြစ်ပါတယ်။ အမဲသား၊ ငါး၊ ကြက်သားစတဲ့ အသားငါးတွေနဲ့ ချက်စားနိုင်သလို ကျန်အသီးအရွက်တွေထဲမှာ ထည့်ပြီး ဥပမာ- ကင်ပွန်းချဉ်ရည်ထဲမှာ ခရမ်းချဉ်သီးထည့်တာမျိုးတွေ လုပ်စားရင် ပိုကောင်းပါတယ်။ကျန်တဲ့အသီးတွေဖြစ်တဲ့ ဖရဲသီးဆိုရင် စက်နဲ့မွှေပြီး အရည်အဖြစ်သောက်တာ ပိုကောင်းပါတယ်။ စတော်ဘယ်ရီသီးဆိုရင်လဲ ဒီအတိုင်းမစားဘဲ စက်နဲ့မွှေပြီး ဖျော်ရည်လုပ်သောက်မှ အာနိသင်ရမှာ ဖြစ်ပါတယ်။ရေခဲနဲ့ သောက်တဲ့ အကျင့်ကိုရှောင်ပြီး ဒီအတိုင်းသဘာဝအတိုင်း သောက်မှ အာနိသင်ပိုရပါတယ်။ ရေခဲနဲ့ ရောလိုက်ရင် Lycopene structure တွေဟာ မာတောင့်သွားပြီး anti-oxidant activity ကို ကောင်းစွာထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူးသာမန်လူကြီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ခရမ်းချဉ်သီး အနေတော် တစ်လုံးစားပေးရင် လုံလောက်ပါတယ်။ ခရမ်းချဉ်သီးတစ်လုံးထဲမှာ တစ်နေ့တာ လိုအပ်တဲ့ Lycopene ပြည့်ပြည့်ဝဝ ပါရှိပါတယ်။


Credit - ဒေါက်တာခင်မောင်လွင် (FAME)

သဘာဝ အစားအစာ နှင့် ကျန်းမာရေးစာအုပ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18