Print

သက်စောင့်ဓာတ်ပိုတက်ဆီယမ်အကြောင်း

  09-May-2017
Preview Image


 ဆား (ဆိုဒီယမ်) စားသုံးမှုများခြင်းဟာ သွေးပေါင်ချိန် မြင့်ခြင်းနဲ့ ဆက်နွှယ်နေကြောင်း တွေ့ရပါတယ်။ ပိုတက်ဆီယမ်မှာ ဆိုဒီယမ်ရဲ့ ဆန့်ကျင်ဘက် အာနိသင်ရှိပြီး သွေးပေါင်ကျစေနိုင်တာကို တွေ့ရပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့အစာ (ဥပမာ - ဟင်းသီးဟင်းရွက် သစ်သီးဝလံ) တွေ စားသုံးခြင်းဟာ ဆီးလမ်းကြောင်း မှာ ကျောက်တည်နိုင်တဲ့အလားအလာ၊ အရိုးမှ ကယ်လ်ဆီယမ်တွေ ထွက်သွားပြီး အရိုးပါးနိုင်တဲ့အလားအလာတွေ လျော့နည်းစေနိုင်တာကိုလည်း တွေ့ရပါတယ်။ လူကြီးတစ်ယောက်အတွက် တစ်နေ့တာလုံလောက်တဲ့ ပိုတက်ဆီယမ်စားသုံးမှု ပမာဏ ၄၇၀၀ မီလီဂရမ်လောက်ရှိပါတယ်။ သွေးတိုးရောဂါရှိနေသူတွေနဲ့ အာဖရိကနွယ်ဖွား အမေရိကန်တွေဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစာတွေ စားသုံးမှုရဲ့ အကျိုးကျေးဇူးတွေကို အခြားသူတွေထက်ပိုပြီး ခံစားကြရတယ်ဆိုတာ တွေ့ရ တယ်လို့ ဖော်ပြထားပါတယ်။ 


       ပိုတက်ဆီယမ်စားသုံးမှုဟာ ကျန်းမာရေးကိုအကျိုးပြုတယ်။ ပိုတက်ဆီယမ်စားသုံးမှု နည်းနေတာ တွေ့ရတယ်ဆိုတဲ့ အချက်တွေဟာ အမေရိကန်တွေအနေနဲ့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစာတွေကို ပိုပြီးစားသုံးသင့်ကြောင်း ခိုင်လုံတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများ၊ အချို့သောဆေးဝါးတွေ (ဥပမာ - ACE inhibitor) မှီဝဲနေရသူတွေကတော့ ပိုတက်ဆီယမ်စားသုံးမှုနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ပိုတက်ဆီယမ်ဟာ အစားအသောက် အမျိုးမျိုးမှာ ပါဝင်ပါတယ်။ အထူးသဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ နို့နှင့် နို့ထွက် အစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အားဆေးတွေမှာ ထည့်ထားတဲ့ ပိုတက်ဆီယမ်ထက် အစားအစာတွေမှာ သဘာဝအတိုင်းပါဝင်နေတဲ့ ပိုတက်ဆီယမ်ကို ပိုပြီးအားကိုးသင့်ပါတယ်။


Credit:

ဒေါက်တာလှကြည်


မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18