Print

သရက်သီး၏အကျိုးကျေးဇူးများ

  06-Jun-2025
Preview Image

သရက်သီး၏အကျိုးကျေးဇူးများ

(၁) သရက်သီးတွင် အစာချေစေသော အင်ဇိုင်းများနှင့် အမျှင်များ ပါဝင်ပြီး အစာအိမ်ကျန်းမာရေးအတွက် ကောင်းမွန်စေသည်။

(၂) ဗီတာမင် A,C,E ပါဝင်သောကြောင့် အသားအရေကို လှပကျန်းမာစေသည်။ ဗီတာမင် C သည် collagen ထုတ်လုပ်မှုတွင်ပါဝင်သောကြောင့် အသားအရေကိုလည်း တင်းရင်းစေသည်။

(၃) ဗီတာမင် A,C ပါဝင်သောကြောင့် ခန္ဓာကိုယ်၏ ခုခံအားကို မြှင့်တင်ပေးသည်။

(၄) ဗီတာမင် A ပါဝင်သောကြောင့် မျက်စိကျန်းမာရေးကို အထောက်အကူပြုသည်။

(၅) ရေဓာတ်များစွာပါဝင်သောကြောင့် ရေဓာတ်ကို ဖြည့်ပေးရာတွင် အကူအညီပေးသည်။ 

(၆) အစာချေစေသော အင်ဇိုင်းများနှင့် အမျှင်များ ပါဝင်ပြီး အစာအိမ်ကျန်းမာရေးအတွက် ကောင်းမွန်သည်။

(၇) ဝိတ်ထိန်းရာတွင်လည်း အထောက်အကူပြုသည်။


Dr YMT

7887 healthcare




Related Articles


Advertisment 18