ယနေ့ခေတ် လူကြိုက်များလာသည့် အသီးအနှံဖျော်ရည်များ
21-Apr-2026
ယနေ့ခေတ် လူကြိုက်များလာသည့် အသီးအနှံဖျော်ရည်များ"ရေဆာလျှင် ရေကိုသာသောက်ပါ။
ရေကိုတစ်နေ့လျှင် နှစ်လီတာမှသုံးလီတာ အနည်းဆုံးသောက်ပါ။
အရောင်ပါသောအချိုရည်များ soft drink များမသောက်ရပါ။
သဘာဝအသီးအနှံမှရသော အသီးဖျော်ရည် fresh fruits juice များသောက်ပါ။" အဆိုပါစကားရပ်အား စနစ်တကျအကောင်းအထည်ဖော်ရန်ရည်ရွယ်ချက်ဖြင့်ဖော်ပြအပ်ပါသည်။
အောက်ပါရောဂါလက္ခဏာများဖြစ်လျှင် ယှဉ်တွဲပါ အသီးအနှံ ဟင်းသီးဟင်းရွက်များအားရောစပ်ပြီး ကြိတ်စက်ဖြင့်အရည်ရသည်အထိပြုလုပ်၍ ခန္ဓာကိူယ် အဆပ်အတောက်များအားချေဖျတ်ခြင်းဖြင့် ကျန်းမာသောနေ့စဉ်ဘဝများပိုင်ဆိုင်နိုင်ကြပါစေ။
၁။ အအေးမိဖျားနာလျှင် မုန်လာဥ၊ နာနတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ။
၂။ စိတ်ကျစိတ်အားငယ်ခံစားရလျှင် မုန်လာဥ၊ ပန်းသီး၊ ဟင်းနုနွယ်၊ ရဲယိုသီး။
၃။ ခေါင်းကိုက်၊ခေါင်းမူးဝေလျှင် ပန်းသီး၊ သခွားသီး၊ ကိုက်လန်၊ ဂျင်း၊ တရုတ်နံနံ။
၄။ ဆီးချိုသများများအတွက် မုန်လာဥ၊ ဟင်းနုနွယ်၊ တရုတ်နံနံ။
၅။ အနာမကျက်လျှင် ဂေါ်ဖီထုပ်၊ တရုတ်နံနံ။
၆။ ရင်ကျပ်ပန်းနာဖြစ်လျှင် မုန်လာဥ၊ ဟင်းနုနွယ်၊ ပန်းသီး၊ ကြက်သွန်ဖြူ၊ သံပုရာသီး။
၇။ သွေးပေါင်တတ်လျှင် ပန်းသီး၊ တရုတ်နံနံ၊ သခွားသီး၊ဂျင်း။
၈။ အဆစ်အမြစ်နာလျှင် မုန်လာဥ၊ တရုတ်နံနံ၊ နာနတ်သီး၊ သံပုရာသီး။
၉။ ကျောက်ကပ်အားနည်းလျှင် မုန်လာဥ၊ ဖရဲသီး၊ သခွားသီး။
၁၀။ ကျောက်ကပ်ကျောက်တည်လျှင် လိမ္မော်၊ ပန်းသီး၊ ဖရဲသီး၊ သံပုရာသီး။
၁၁။ မျက်စိအားနည်းလျှင် မုန်လာဥ၊ တရုတ်နံနံ။
၁၂။ စိတ်ဖိစီးမှုများလျှင် ငှက်ပျော၊ စတေယ်ဘယ်ရီသီး၊ ပန်းသစ်တော်သီး။
၁၃။ ဝမ်းချုပ်တတ်လျှင် မုန်လာဥ၊ ပန်းသီး၊ ဂေါ်ဖီထုပ်။
၁၄။ ပင်ပန်းနွမ်းနယ်လျှင် မုန်လာဥ၊ ပန်းသီး၊ သံပုရာသီး၊ ဟင်းနုနွယ်။
၁၅။ အစာမကြေလျှင် နာနတ်သီး၊ မုန်လာဥ၊ သံပုရာသီး၊ ပူစီနံ။
၁၆။ အရက်မူးမပြေလျှင် ပန်းသီး၊ မုန်လာဥ၊ သံပုရာသီး။
၁၇။ သတိမေ့တတ်လျှင် သလဲသီး၊ စပျစ်သီး။
၁၈။ အာရုံကြောအားနည်းလျှင် မုန်လာဥ၊ တရုတ်နံနံ၊ သလဲသီး။
"အိမ်သုံးဆေးဝါး အလေးထား
ကျန်းမာသုခ ချမ်းသာရ" ဆိုသည့်အတိုင်း အရေးပေါ်အခြေအနေများ ဆေးဝယ်ယူရန်ခက်ခဲပါကအိမ်တွင်ရှိနိုင်သော organic recipes, vegetables and fruits အောဂဲနစ် မီးဖိုဆောင်သုံးပစ္စည်းများ၊ အသီးအရွက်များ၊ သစ်သီးများဖြင့် ဖျော်ရည်ပုံစံသောက်သုံးခြင်းဖြင့်ကျန်းမာသောဘဝကို ဖန်တီးနိုင်ရန်အကြံပြုခြင်းဖြစ်ပါသည်။ ဖျော်ရည်မဖျော်မီ ရေဖြင့်စင်ကြယ်စွာအထပ်ထပ်ဆေးကြောခြင်း၊ ဆားငံရေစိမ်ခြင်းအပြင် အသုံးပြုမည့်ပစ္စည်းများအား သန့်ရှင်းစင်ကြယ်စွာဆေးကြောပြီးမှဆောင်ရွက်ရန် အထူးမှာကြားလိုပါသည်။
ကျန်းမာသုခနဲ့ပြည့်စုံကြပါစေ။
Dr Kyaw (Resilience)
#7887healthcare #seveneighteightseven #healthcare #HealthArticle

