အသားအရေ လှဖို့ ရှောင်ရမယ့် အစားအသောက် (၄) မျိုး
25-Feb-2017
အသားအရေလှပဖို့ ဘယ်လောက်ပဲ အလှပြင်ပစ္စည်းတွေသုုံးသုံး နေထိုင်စားသောက်မှု ပုံစံကလည်း မှန်ကန်ဖို့ လိုပါတယ်။ အသားအရေလှဖို့ skin care တွေချည်းပဲ သုံးနေစရာ မလိုပါဘူး။ အစားအသောက် ပုံစံမှန်ကန်စွာ နေထိုင်ရင်လည်း အသားအရေ လှလှပပနေနိုင်ပါတယ်။
၁။ အရက်၊ ဘီယာအမျိုးမျိုး
အရက်ဘီယာက တွေကလည်း အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ တစ်နေ့တစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်ထက်ပိုသောက်ရင် အသားအရေကို ညစ်နွမ်းစေပါတယ်။
၂။ အသင့်စား အစားအစာများ
အိမ်မှာ ချက်ပြုတ်တာမဟုတ်ပဲ အသင့်စား အစားအစာတွေကို စားသုံးခြင်းကလည်း အသားအရေကို ထိခိုက်စေပါတယ်။ ကြက်ကြော်နဲ့ ဟမ်ဘာဂါလို Fast foods တွေက လှပတဲ့ အသားအရေအတွက် အန္တရာယ်ပေးနိုင်ပါတယ်။
၃။ ကော်ဖီ
ကော်ဖီနဲ့ ကဖိန်းဓာတ်ပါတဲ့ လက်ဖက်ရည်တွေကလည်း သင့်ရဲ့ အသားအရေကို မွဲခြောက်စေနိုင်တာ သတိပြုပါ။
၄။ သကြား
အချိုဓာတ် ထူးကဲစွာ ပါဝင်တဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။ အသားအရည်လှချင်ရင်တော့ သကြားကို လွန်ကဲစွာ စားနေတာ ရပ်လိုက်ပါ။
Healthcare.com.mm
Ref: Duwun
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
