ခရမ်းသီး၏ကျန်းမာရေးအထောက်အပံ့များ
25-Feb-2017
ခရမ်းသီးသည် အသီးအနှံထဲတွင် ကယ်လိုရီစွမ်းအင် အနည်းဆုံး ပါဝင်သည့်အသီးအနှံဖြစ်သည်။ ခရမ်းသီး ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၂၂ သာပါသည်။ ထိုကြောင့်ကိုယ်အလေးချိန် ချလိုသူများအတွက် စိတ်ဝင်စားဖွယ် ဖြစ်သည်။ ၎င်းအပြင် Pectinခေါ်သော အမျှင်ဓာတ်ပါဝင်မှုကြောင့် ပို၍ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပိုတက်စီယမ်ဓာတ်ပါဝင်မှုကြောင့်လည်း ဆီးရွှင်စေသည်။
သွေးတွင်းအဆီကျစေခြင်း။
ခရမ်းသီးသည် အဆီများသော အစာများ စားသောက်ပြီးနောက် သွေးတွင်းအဆီ(Blood cholesterol ) နဲ့ကိုယ်ခန္ဓာ၏ အဆီ (body fat) များ တက်လာခြင်းကိုထိန်းချုပ်ကြောင်း အမေရိကားနှင့် သြစတေးလျ တွင်ပြုလုပ်သောလေ့လာမှုများကဖေါ်ပြကြသည်။ ၎င်းအချက်မှာ ခရမ်းသီးတွင်ပါဝင်သော Pectin ကြောင့်ဟု ယူဆကြသည်။ Pectin သည် အူအတွင်း၌ ခဲသွားပြီး ၎င်းအခဲတွင် အစား၌ပါသောcholesterol ကို ဖမ်းချုပ်ထားခြင်းဖြင့် cholesterol များ ကိုယ်တွင်းသို့မဝင်ရောက်အောင် ပြုလုပ်သည်။ ဤနည်းဖြင့် ခရမ်းသီးသည် အဆီအဆိမ့်များစားပြီးနောက်
Blood cholesterol နဲ့body fat တက်ခြင်းကို ကာကွယ်ပေးသည်။
Healthcare.com.mm
Ref:
(မြတ်ပန်းရဂုံ) Medisite
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
