ပဲပင်ပေါက်
25-Feb-2017
တစ်ညနေ မိသားစုစုံညီဝိုင်းတွင် ညီမငယ်က အိမ်တွင် ကိုယ်တိုင်ပျိုးသော ပဲပင်ပေါက်များသည် စျေးထဲရောင်းသော ပဲပင်ပေါက်များထက် ဘာကြောင့်သေးငယ်ပြီးရေဓာတ်နည်းနေသလဲဟု မေးသည်။ ကျွန်မနှင့် မေမေမှာ ပေါက်ပေါက်ရှာရှာမေးတတ်သော ညီမငယ်၏မေးခွန်းကို မဖြေတတ်ခဲ့ပါ။ ဖေဖေက ဤသို့ရှင်းပြသည်။ အိမ်၌ပဲပင်ပေါက်ပျိုးရာတွင် မေမေက ရေစိမ်ထားသော ပဲစေ့များကို ခြင်းတောင်း တစ်ခုတွင်
ထည့်ပြီး အပေါ်တွင် အဝတ်စ (သို့) ကောက်ရိုးတို့ဖြင့် အုပ်လိုက်သည်။
ထို့ကြောင့် ပေါက်လာသော အပင်များမှာ သေးငယ်နေသည်။ တတ်ကျွမ်းသော သူများ ပဲပင်ဖောက်ရာတွင် ဤကဲ့သို့မဟုတ်။ ခြင်းအပေါ်တွင် အဝတ်စ၊ ကောက်ရိုး အစား မှန်ချပ် (သို့) အတန်ငယ်လေးသော ပလပ်စတစ်ပြားများဖြင့် ဖိထားသည်။ ပဲစေ့မှ ပဲညှောင့်စပေါက်လာသည်နှင့် လေးသောအရာဝတ္ထု၏ ဖိခြင်းကိုခံရသည်။ ထိုအခါ အပင်ပေါက်လေးများသည် ထိုလေးသောအရာကို အပေါ်သို့မြှင့်တင်နိုင်ဖို့ ကိုယ်တိုင်က သန်မာတုတ်ခိုင်ရမည်ဖြစ်ကြောင်း သိသည်။ အပင်ပေါက်များသည် ဖိထားသောအရာကို တစ်ပြေးညီ အပေါ်သို့ တညီတညွတ်တည်း မြှောက်တင်ကြသည်။
အကယ်၍ တစ်ဖက်တည်းသာ မြှောက်တင်လျှင် အခြားတစ်ဖက်မှ အပင်များသည်လေးသောအရာဖြင့် ဖိထားခြင်းခံရပြီး အပင်ပေါက်ကြီးထွားလာတော့မည်မဟုတ်ပေ။ဖိအားသည် သန်မာရှင်သန်ဖို့အတွက် အစဖြစ်သည်။ ပဲပင်ပေါက်များကို စားသုံးရာတွင် သန်မာသော အပင်ပေါက်များကို တွေ့ခဲ့ပါလျှင် ထိုသို့သန်မာအောင် မည်မျှအဖိခံခဲ့ ရသည်ကို သတိပြုပါလေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
နိုင်းနိုင်းစနေ
ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း စာအုပ်မှာကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
