ဝက်ပေါင်ခြောက်နှင့် ကြက်ဥကြော်က အယ်လ်ဇိုင်းမားရောဂါနှင့် ဆက်စပ်မှုရှိ
25-Feb-2017
ဆီကြော်စာတွေကို ရှောင်ကြဉ်တာကြောင့် သူငယ်ပြန်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ သုတေသန ပြုလုပ်ချက် အသစ်အရ သိရပါတယ်။ ဝက်ပေါင်ခြောက်ဟာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ အစားအစာဖြစ်ပြီး ကိတ်မှုန့်၊ ဘီစကစ်နဲ့ ကွက်ကီးတွေ မှာ တွေ့ရှိထားတဲ့ ဓာတုပစ္စည်းတွေ ရှိနိုင်တယ်လို့ သိရပါတယ်။ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥကြော်ကို လျှော့စားတာကြောင့် သူငယ်ပြန်ရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ အပြင် ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကိုတောင် ပြန်လည်ရရှိအောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။
နယူးယောက်၊ မောင့်ဆီနိုင်းဆေးတက္ကသိုလ်မှ သုတေသီတွေက AGEs ခေါ် Advanced glycation end products ဒြပ်ပေါင်းပေါ် အာရုံစိုက်ပြီး လေ့လာခဲ့ပါတယ်။ အဆီ၊ ပရိုတင်းနဲ့ သကြားတွေဟာ အပူချိန်နဲ့ ထိတွေ့တဲ့အခါ AGEs ဖြစ်ပေါ်တတ် ပါတယ်။ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ပီဇာမုန့်နဲ့ ဘာဂါတွေမှာ AGEs တွေ များစွာပါဝင်တယ်လို့ သိရပါတယ်။ အစားအစာတွေကို ဆီနဲ့ ကြော်စားတာ၊ ကင်စား တာတွေကြောင့် AGEs တွေ ထွက်ပေါ်လာတတ်ပေမယ့် အစာကို ပြုတ်စားရင်မူ ကျန်းမာရေးကို ထိခိုက်မှုမရှိဘူးလို့ သိရတဲ့အတွက် ကြက်ဥကို အပြုတ်အနေနဲ့သာ စားသင့်တယ်လို့ သပ္ပံပညာရှင်တွေက အကြံပေးထားပါတယ်။
သိပ္ပံပညာရှင်တွေက ကြွက်တွေအပေါ် AGEs ပါဝင်မှု များတဲ့အစားအစာကျွေးပြီး လေ့လာရာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ AGEs ပါဝင်မှုများတဲ့အစာ စားရတဲ့ ကြွက်တွေဟာ အရွယ်အိုမင်းချိန်မှာ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ပြဿနာ၊ သင်ယူမှုခက်ခဲတဲ့ပြဿနာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အရွယ်အိုမင်းမှုကို ဆန့်ကျင်တဲ့ ပရိုတင်းထုတ်လုပ်မှုလည်း လျော့နည်းသွားပြီး သူတို့ရဲ့ ဦးနှောက်အတွင်း အယ်လ်ဇိုင်းမားရောဂါရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ဘီတာအမိုင်းလွိုက်တွေ ပါရှိနေ တာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
Latest Health New Update Jounal
Arogyam magazine, No.261, April 2014, pg.151
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
