အသည်းသန့်ချင်တယ်ဆို ဒါတွေစားပေးဖို့လိုတယ်
25-Feb-2017
အသည်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အခရာကျတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပြီး အစာခြေဖျက်မှု၊ ဇီဝတွင်းဖြစ်ပျက်မှု၊ ကိုယ်ခံစွမ်းအားနဲ့ အာဟာရဓာတ်တွေကို စုဆောင်းပေးတာတွေကို လုပ်ဆောင်ပါတယ်။ ကျန်းမာတဲ့ အသည်းဟာ သွေးလည်ပတ်မှု ကောင်းအောင်လုပ်ဆောင်ပြီး သွေးထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားကာ ခန္ဓာကိုယ်ထဲသို့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂလူးကို့စ်တွေကို ထိန်းသိမ်းတာလည်း လုပ်ပါတယ်။ ဒီလိုအရေးပါတဲ့ အလုပ်တွေကို လုပ်နေတဲ့ အသည်း အမြဲ ကျန်းမာနေစေဖို့အတွက် စားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကြက်သွန်ဖြူကတော့ အဆိပ်အတောက် ဖယ်ရှားပေးတဲ့ နေရာမှာ ထိပ်တန်းဖြစ်ပြီး အသည်းအတွက် ကောင်းကောင်း ထောက်ကူပေးပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်တက်၊ သုံးတက်လောက် စားပေးတာဖြစ်ဖြစ်၊ ကြက်သွန်ဖြူနဲ ့ထုတ်ထားတဲ့ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။
ဗီတာမင်စီကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိပါတဲ့ ဂရိတ်ဖရုတွေဟာလည်း အသည်းကို သန့်စင်ပေးနိုင်သလို ကိုယ်တွင်း အဆိပ်အတောက်တွေနဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးပါ တယ်။ မုန်လာဥနီ (ဗီတွတ်)ဟာ လည်း အသည်းအတွက် ကောင်းကျိုးပြုသလို ရှောက်သီး၊ သံပရိုသီးကလည်း အသည်းရဲ့လုပ်ငန်းစဉ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ ထောက်ကူပြုပါတယ်။ ဂရင်းတီး နေ့စဉ်သောက်ပေးခြင်းနဲ့ အသည်းရောဂါတွေ ဖြစ်ပွားတာကို ကာကွယ်ပေးနိုင်သလို ထောပတ်သီးကလည်း အသည်းပျက်စီးမှုနဲ့ အန္တရာယ်ပေးနိုင်တဲ့အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။
နနွင်းမှုန် ့လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ရေနွေးထဲထည့်ပြီးနေ့စဉ်သောက်တာပဲဖြစ်ဖြစ် ဟင်းတွေထဲမှာ ထည့်ချက်ရင်းဖြစ်ဖြစ် စားပေးသင့်ပါတယ်။ကျန်းမာသော အသည်းဖြစ်ဖို့ဆိုရင်လည်း ပန်းသီးတွေက မစားမဖြစ်ပါ။ အူလမ်းကြောင်းနဲ့ အသည်းထဲက အဆိပ်အတောက် တွေ ရှင်းပေးသလို သွေးတွင်း ကိုလက်စထရောတွေကို သန့်စင်ပေးပါတယ်။ သစ်ကြားသီးကလည်း အသည်းသန့်အောင် ကူညီပေးတဲ့အပြင် ပန်းဂေါ်ဖီစိမ်း(ဘရို ကိုလီ) ကလည်း အသည်းအတွက် ကောင်းကျိုးပြုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
7 Day Daily
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
