အက်ဆစ်၊ အယ်တာလီ မျှခြေကို ထိန်းသိမ်းပေးသော အစားအစာများ
25-Feb-2017
ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးမှာ အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက် ကလွဲလို့ သွေးလှည့် အဖွဲ့အစည်းနဲ့ ထိတွေ့နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးရဲ့ pH ဟာ (7.39) ဖြစ်လို့ အယ်ကာလီဓာတ်ဘက်ကို အနည်းငယ် ရောက်ပါတယ်။ ဒီအခြေ အနေမှာ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာသန်စွမ်းပြီး သူ့ထက်အနည်းငယ်သာ အပြောင်း အလဲဒဏ်ကို ခံနိုင်ပါတယ်။ တိတိကျကျပြောရရင် pH တန်ဖိုး+/-0.03 အတွင်းမှာသာ ကျန်းမာစွာနေနိုင်ပါတယ်။
pH 7.36 ထက် လျော့နည်းသွားရင် အယ်ကာလီဓာတ် လျော့နည်းသွားပြီး အက်ဆစ်ပတ်ဝန်းကျင် (Acidosis) ကိုရောက်သွားမှာဖြစ်ပြီး pH 7.42 ထက်ပိုသွားခဲ့ရင်လည်း အယ်ကာလီဓာတ် ပိုမိုလွန်ကဲသွားပြီး အယ်ကာလီပတ်ဝန်းကျင် (Alkalosis) လို့ခေါ် ပါတယ်။ ဒီအခြေအနေနှစ်ခုလုံးမှာ လူဟာ ကျန်းမာရေးထိခိုက်လာမှာ ဖြစ်ပါတယ်။
လူရဲ့ခန္ဓာကိုယ်မှာ pH ဟာ အမြဲတမ်း မျှခြေမှာရှိနေဖို့အတွက် အနေအထိုင်၊ အစား အသောက် မှန်ကန်ဖို့လိုပါတယ်။ လူတစ်ယောက်မှာ အက်ဆစ်ဓာတ်တွေ များနေပြီ ဆိုရင်တော့ သူ့ရဲ့နေပုံထိုင်ပုံ၊ စားပုံသောက်ပုံတွေ မှားယွင်းနေပြီလို့ ကောက်ချက် ချနိုင်ပါတယ်။
(၁) ပထမဆုံးပြင်ရမှာက အစားအသောက်ဖြစ်ပါတယ်။ အက်ဆစ်ဓာတ်များစေတဲ့အစားအစာ (Acidifying food) တွေကို လျော့စားပြီး အယ်ကာလီဓာတ်များစေတဲ့ အစားအစာ (Alkalizing food) တွေကို ပိုစားပေးဖို့ ဖြစ်ပါတယ်။
(၂) ဒုတိယအနေနဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရပါမယ်။ တစ်နေ့ကို ၃၀ မိနစ်လောက် လမ်းလျှောက်ပေးရပါမယ်။
(၃) တတိယအနေနဲ့ ရေကိုလုံလုံလောက်လောက် သောက်ပေးရပါမယ်။ တစ်နေ့ကို ရေ ၂ လီတာပြည့်အောင် သောက်ရပါမယ်။
(၄) စတုတ္ထအနေနဲ့ စိတ်ပူပင်သောကတွေနည်းအောင် နေရပါမယ်။ အိပ်ရေးဝဝ အိပ်ရပါမယ်။
(၅) ဆေးလိပ်သောက်တာ၊ အရက်သောက်တာစတဲ့ အလေ့အကျင့်တွေကို ရှောင်ရပါမယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မောင်လွင် (Fame)
Ziwaka magazine, September 2015, Pg. 51-53
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
