ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သားသည်မိခင်လိုအပ်သော အာဟာရဓာတ်စာများ
25-Feb-2017
ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သားသည်မိခင်များတို့အဖို့ လိုအပ်သော အာဟာရဓာတ်များမှာ-
(၁) ဗီတာမင် A,C,E နှင့် “B” အုပ်စုဓာတ်စာ၊ (၂) ကယ်လဆီယမ်၊ ထုံးဓာတ်စာများ၊ (၃) ကိုယ်ခံအား ကောင်းစေဖို့၊ (ကိုယ်ခံအားပြီးစေဖို့) ဟေမိုဂလိုဘင် (Hemoglobin)သွေးနီဥတိုးပွားစေရန် သံဓာတ် (iron) နှင့် သွပ်ဓာတ် (Zine)၊ သတ္တုဓာတ်များ၊ မဂ္ဂနီယမ် (magnesium) နှင့် အိုင်အိုဒင်းဒြပ်စင်များ ဖြစ်ကြပါသည်။
သို့ဖြစ်လေရာ ယင်းဓာတ်များပြည့်ဝသော လိမ္မော်သီး၊ သံပရာသီး၊ သစ်သီးများ၊ဖျော်ရည်များ၊ ဟင်းသီးဟင်းရွက်များ များများစားသုံး မှီဝဲသင့်လှပေသည်။ သွေးသားများ သန့်ရှင်းစေရန်အတွက် နံနက်အိပ်ရာထပြီး အခြားသောအစားအစာ မစားသုံးမီ သံပရာသီး ဆားအနည်းငယ်ထည့်ပြီး ဖျော်၍သောက်သုံးလျှင် ဝမ်းမှန်၊ ဓာတ်မှန်လေ၏။
ဥပမာ သံဓာတ်ပြည့်ဝသော ခရမ်းချဉ်သီး၊ မုန်လာဥအနီ၊ အဝါများ၊ ကယ်(လ်)ဆီယမ်ဓာတ်ပြည့်ဝသည့် မုန်ညင်းအခါး၊ ဝက်နံရိုး၊ ဆိတ်နံရိုး၊ ကြက်သား၊ ကြက်ပေါင်၊ ကြက်ရိုးစွပ်ပြုတ် ဟင်းချိုတို့ကို များများမှီဝဲ သောက်သုံးပေးနိုင်ပေသည်။ ၎င်းအပြင် ဆေးဖက်ဝင်လှသော တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ပဲအမျိုးမျိုးနှင့် အားလူး၊ ကြက်အသည်းအမြစ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအဖို့ အထူးလိုအပ်သော ပင်လယ်ငါး၊ ပင်လယ်ငါးကြီးဆီ (fish oil)၊ ပင်လယ်စာ၊ ကျောက်ပွင့် (အိုင်အိုဒင်းဓာတ်)ပေါကြွယ်စွာပါဝင်ပါသည်။ ဆေးဝါးအနေဖြင့်မူ ဖောလစ်အက်စစ်ဆေး (folic acid) စားသုံးမှီဝဲရန် လိုအပ်လှပေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ကေတီအောင်သိန်း
(ရန်ကုန်တက္ကသိုလ်)
Health for all magazine, March 2014, Pg. 34
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
