နွေရာသီမှာအာဟာရပြည့်ဝစေဖို့
25-Feb-2017
အလုပ်မှာအဆာပြေစာစားပါ။
အလုပ်သွားတဲ့အခါ အဆာပြေစာ၊ မုန့်ပဲသရေစာတွေကို ယူသွားပါ။ တစ်နေ့ကို ငါးကြိမ်ကနေ ခြောက်ကြိမ်ထိစားပေးတာဟာ တစ်နေ့တာလုံး လန်းဆန်းကာ စွမ်းအင်ပြည့်ဝစေပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ အသီးအနှံတွေကိုလည်း စားပေးနိုင်ပါတယ်။
အားဖြည့်အချိုရည်သောက်ပါ။
တကယ်လို့ လေ့ကျင့်ခန်းလုပ်တာ လေးဆယ့်ငါးမိနစ်ထက် ပိုကြာနေပြီ ဆိုရင်တော့ရေအပြင်အားဖြည့်အချိုရည် သောက်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းအားလုံးလုပ်ပြီးရင်လည်း ရာသီပေါ်သီးနှံတွေကို ရောနှောပြီးဖျော်ရည်လုပ်သောက်ပါ။ ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြည့်ဝပြီး စွမ်းအင်တွေ မြှင့်တင်ပေးနိုင်ပါတယ်။
အချိုများသည့် လက်ဖက်ရည်သောက်မည့်အစား လက်ဖက်စိမ်းရည်သောက်ပါ။
လက်ဖက်စိမ်းရည်မှာ ဇီဝရုပ်ဖြစ်စဉ်ကို အရှိန်မြင့်တင်ပေးနိုင်တဲ့ သဘာဝ ဓာတ်ပေါင်း ပါဝင်တာကြောင့် နွေရာသီမှာ သောက်သုံးသင့်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။
ပင်လယ်စာစားပါ။
နွေရာသီကာလဟာ ပင်လယ်အစားအစာတွေ လတ်လတ်ဆတ်ဆတ်ရနိုင်တာကြောင့် အရင်တုန်းက မစားဖြစ်ဘူးဆိုရင်တောင် အခုချိန်မှာ ဝယ်စားသင့်ပါတယ်။ ဆယ်လမွန်ငါး၊ တူနာငါး၊ ပုဇွန်၊ ကတ်ကတစ်စတဲ့ ကယ်လိုရီနည်းတဲ့ ပင်လယ်စာတွေကို ပေါပေါလျှံလျှံ စားနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.272, March 2015, Pg.22
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
