အကျိုးထူးလှတဲ့ ဖရုံသီး
25-Feb-2017
ဖရုံသီးဟာ ဆဲလ်သေများကို ကောင်းမွန်စွာ ကွာကျသန့်စင်စေပြီး ဆဲလ်အသစ် များအသစ် ပြန်လည်ပေါက်ဖွားစေကာ အသားအရေကို တောက်ပချောမွတ်စေတဲ့ ဆဲလ်အင်ဇိုင်းများနဲ့ အယ်လ်ဖာဟိုက်ဒရိုစီအက်ဆစ်များ ပါဝင်ပါတယ်။ Vitamins A and C က ဆဲလ်တွေကို ပျက်စီးစေတဲ့ free-radical ဖျက်ဆီးခြင်းကို အကူအညီပေးပြီး ငယ်ရွယ်နုပျို တဲ့ အသားအရေဖြစ်ဖို့ ကိုလဂျင်ထုတ်လုပ်ဖို့လည်း တိုးပွားစေပါတယ်။ ဖရုံစေ့မှာပါတဲ့ ဇင့်ဓါတ်ဟာ အဆီထုတ်လုပ်မှုကို လျော့နည်းစေတဲ့အတွက် ဝက်ခြံအတွက် အထူးကောင်းမွန်သလို မရှိမဖြစ် ဖက်တီးအက်ဆစ်(essential fatty acids )များက ကြားခံလုပ်ငန်း(barrier function) အနေနဲ့ ရေဓါတ်မခန်းခြောက်အောင် ပါဝင်ဆောင်ရွက်ပေးပါတယ်။
ဗူးဖရုံမျို းက သင့်ဆံချည်မျှင်များအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင် အေ၊ စီ၊ အီး နဲ့ essential fatty acids များက ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ဆံပင်အစိုဓါတ်ကို များစေကာ ဦးရေပြားဆဲလ်အသစ် ထုတ်လုပ်တဲ့ဖြစ်စဉ်ကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။ အဆီများတဲ့ ဦးရေရှိသူများအတွက် ဝမ်းသာကျေးဇူးတင်စရာ ကောင်းတာကတော့ ဖရုံစေ့မှာပါတဲ့ဇင့်က အဆီအိတ်ဂလင်း(သို့) ဦးရေပြားရဲ့ အဆီထုတ်လုပ်မှု ပမာဏကို ထိန်းချုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။
ဖရုံစေ့အစွမ်းကို သိပြီမို့ ဖရုံသီးကို ချက်စားစား(သို့) ဖရုံစေ့လေးတွေပဲစားစား အသားအရေ လှပစေတဲ့အပြင် ဦးရေပြားကျန်းမာရေးအတွက်လည်း ကောင်းစေတာမို့ မှီဝဲစားသုံးကြပါစို့လား။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Pharmacy
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
