အသက် ၄၀ အရွယ်စားသင့်သောအစားအစာများ
25-Feb-2017
အသက် ၄၀ ကျော်လာရင် မီးယပ်သွေးဆုံးတဲ့ဝေဒနာကို စတင်ကြုံတွေ့ရတော့ မှာပါ။ မီးယပ်သွေးဆုံးဝေဒနာအတွက် ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။
စားကိုစားရမည့် အစားအစာ
အစိမ်းရင့်ရောင် ဟင်းရွက်များ
အစိမ်းရင့်ရောင်ဟင်းရွက်တွေမှာ ပါဝင်တဲ့ လူတိန်းနဲ့ ဇီယာစင်တိန်းတွေက သင့်မျက်စိအတွင်းမှ မက်ကူလာကို နေရောင်ကြောင့် ပျက်စီးမှုမရှိအောင် ကာကွယ်ပေး ထားနိုင်ပါတယ်။ မက်ကူလာ ပျက်စီးယိုယွင်းတာက အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံဆုံးရှုံးမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။
ရှောင်သင့်သည့်အကျင့်
တစွတ်စွတ်စားခြင်း
ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ ကြွက်သားထုလျော့နည်းသွားတာနဲ့ အထိုင်များ တဲ့ဘဝ နေထိုင်မှုပုံစံတွေကြောင့် ကိုယ်အလေးချိန်က တဖြည်းဖြည်းမြင့်တက်လာနိုင် တဲ့အတွက်ပါ။ သင်စားတဲ့အစားအစာရဲ့ အရသာနဲ့ ပမာဏပေါ်မှာ အာရုံထားရပါမယ်။ တီဗီရှေ့မှာ အစာစားတဲ့အကျင့်၊ တစွတ်စွတ်စားတတ်တဲ့အကျင့်ကို ဖျောက်လိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိတာက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာအများစုဖြစ်ပေါ်နိုင်ခြေနည်းပါးနိုင်ပါတယ်။
အကောင်းဆုံးအစားအစာ
ပဲပင်ပေါက်
ပဲပင်ပေါက်မှာ အပင်အီစထရိုဂျင် ဒြပ်ပေါင်းတွေ အများအပြားပါဝင်တဲ့အတွက် မီးယပ်သွေးဆုံးချိန်မှာ ဟော်မုန်းညီညွတ်မျှတမှုရှိအောင် ကူညီနိုင်ပါတယ်။ ပဲပိစပ်မှာ လည်း အပင်အီစထရိုဂျင်ဒြပ်ပေါင်းတွေများစွာ ပါဝင်ပေမယ့် ပဲပင်ပေါက်၊ ပဲနီလေးတွေက အကောင်းဆုံးအစားအစာတွေပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No 267, October 2014, Pg. 21
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
