နံနက်စာစားပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပါ
25-Feb-2017
နံနက်စာစားတာဟာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးသလို စားသောက်နည်း မမှန်တဲ့ အခါအရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာကောင်းတွေ ရွေးချယ်မှုဟာ သင့်အပေါ်မှာ မူတည်နေပါတယ်။ လေ့လာသူတွေက မနက်စာစားတဲ့အခါ အဆင်သင့်အစာတွေ၊ အချိုများတဲ့ မုန့်တွေဟာ နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်တို့ကို ရောင်ရမ်းစေတာကြောင့် တတ်နိုင်ရန် မစားမိအောင်နေဖို့ အကြံပြုထားပါတယ်။
ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေမှာ အသေးစားရောင်ရမ်းမှု ဖြစ်ပွားတဲ့အခါ ဆဲလ်ပျက်စီးမှုများပြီး အသားအရေတွန့်ကာ အလွယ်တကူပဲ အရေးကြောင်းထင် တတ်ပါတယ်။ အရေပြားဆရာဝန် ဒေါက်တာနီကိုလက်စ်က မနက်စာစားတဲ့အခါ ဥအမျိုးမျိုး၊ ထောပတ်သီးနဲ့ ဆယ်လမွန်ငါးတို့ကို စားပေးတာဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့ အိုမီဂါအပြင် ပရိုတင်းဓာတ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အုတ်ဂျုံမှုန့်နဲ့ လတ်ဆတ်တဲ့ သစ်သီးတွေကလည်း စားသုံးသင့်တဲ့ မနက်စာတွေအဖြစ် စားသုံးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.260, March 2014, Pg. 19
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
