ကျောက်ကပ်ရောဂါဝေဒနာရှင်နှင့် ပိုတက်ဆီယမ်ဓာတ်
27-Feb-2017
ကျောက်ကပ်ရောဂါဝေဒနာရှင်နှင့် ပိုတက်ဆီယမ်ဓာတ်
ကျောက်ကပ်ရောဂါ ဝေဒနာရှင်တွေအတွက် အသားဓာတ်၊ ဆိုဒီယမ်ဓာတ် စတာတွေကို ထိန်းချုပ်ဖို့ လိုအပ်သလို နောက်ထပ် သတိထားဖို့ လိုအပ်တဲ့ ဓာတ်တစ်မျိုးကတော့ ပိုတက်ဆီယမ်ဓာတ်ပဲဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က
နှလုံးခုန်နှုန်းအတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် စားသုံးဖို့ လိုအပ်တယ်လို့ ဆိုပေမယ့် သွေးထဲမှာ ပိုတက်စီယမ်ဓာတ်တွေ များလွန်းပြန်ရင်လည်း နှလုံးခုန်နှုန်းမူမမှန်တာတွေ ဖြစ်တတ်တာကြောင့် အစားအစာတွေကို အကန့်အသတ်နဲ့ စားဖို့ လိုပါတယ်။
ပိုတက်စီယမ်ဓာတ် အနည်းငယ်ပါဝင်ပြီး အဓိက ရွေးချယ်စားသောက်သင့်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ခရမ်းသီး၊ ဗူးသီး၊ ငရုတ်သီးအပွ၊ သခွားသီး၊
ကျောက်ဖရုံသီး၊ ဆောင်းဖရဲ၊ သခွားမွှေး၊ ဆလပ်ရွက်၊ ပဲပင်ပေါက်၊ တရုတ်မုန်လာဥ၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ပဲတောင့်ရှည်၊ ပြင်သစ်ပဲတောင့်၊ ကြက်သွန်နှီ၊ သခွားဖရုံသီးစတာတွေ ဖြစ်ပါတယ်။
ဒီဟင်းသီးဟင်းရွက်တွေကိုတော့ တစ်ပတ်မှာ သုံးကြိမ်ရွေးချယ် စားသုံးနိုင်ပါတယ်။ အဲဒါတွေကတော့ ရုံးပတီသီး၊ တရုတ်ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံ၊ ဟင်းခတ်ကြက်သွန်မြိတ်၊ ကညွတ်၊ ငရုတ်သီးအစိမ်းရောင်၊ အနီရောင်၊ ပဲနီလေးပြုတ်၊ ပဲဟင်း၊ ပဲသီးစိမ်း၊ ရွှေဖရုံသီး၊ ပဲလိပ်ပြာ၊ သကြားပြောင်း၊ ခရမ်းချဉ်သီး စတာတွေဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.285, April 2016, Pg. 63
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
