ကျောက်ကပ်ကို ပျက်စီးစေသည့် ဒညင်းသီး
28-Feb-2017
မိမိတို့ မြန်မာ လူမျိုးများဟာ ဒညင်းသီးကို နှစ်သက်စွာ စားသုံးနေကြတာ ကို နိုင်ငံခြားသားများက မြင်တွေ့ရတိုင်း အလွန်ကို အံ့သြစွာ ငေးမောကြပါတယ်။ အကြောင်းကတော့ အင်္ဂလိပ်လို Jengkol လို့ခေါ်တဲ့ ဒညင်းသီးဟာ အဆိပ်တွေ ပါဝင်နေတဲ့ အသီးလို့ သတ်မှတ်ထားကြပြီး သူတို့က မစားကြလို့ပါပဲ။
ဒညင်းသီး တစ်လုံးမှာ ပါဝင်တဲ့ အဆိပ်ဟာ 0.3% မှ 1.3%အထိ ရှိနေပြီး ဒညင်းသီးကို စားသုံးသူရဲ့ ကျောက်ကပ် နှစ်ခုစလုံးဟာ ၁ နှစ်မှ ၅ နှစ် အတွင်း တဖြည်းဖြည်းနဲ့ ပျက်စီးသွားနိုင်ပါတယ်။
ဒညင်းသီးမှာ ကောင်းကျိုး အနည်းငယ် ရှိပေမယ့် အဆိပ်ထုတ်ပြီး နည်းစနစ် မှန်မှန်နဲ့ စားရင် အရသာ ကောင်းမွန်ပေမယ့် များသောအားဖြင့် ဖြစ်သလို၊ ကြုံသလိုပဲ စားကြတဲ့ အတွက် အဆိပ်ဟာ ခန္ဓာကိုယ်ထဲမှာ မသိမသာ ပြန့်နှံ့သွားပြီး ရေရှည် မှာတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းများကို ပျက်စီးစေကာ သက်လုံနဲ့ ဆိုင်တဲ့ အားအင်များကိုလည်း ယုတ်လျော့စေကာ ကျန်းမာရေးတွေ ဆိုးဝါးသွားစေပါတယ်။
အများ ပြောနေကြတဲ့ ဆားရည်စိမ်ရင်၊ မီးအပူရှိန် ဘယ်လောက်နဲ့ ချက်ရင် အဆိပ်ပြယ်တယ် စတာတွေက မမှန်ပါဘူး။ ဒညင်းသီးထဲက အဆိပ်ဟာ မြေကြီး နဲ့ ရေထဲမှာတောင် အချိန် အကြီး ခံနိုင်ပါတယ်။ အခြား စားစရာတွေ သိပ်ပြီး မရှားလှတဲ့ ကျွန်တော်တို့ နိုင်ငံမှာ အဆိပ်သီးကိုတော့ ရှောင်ကြဉ် ကြစေပါချင်တယ် မိတ်ေ်ဆွတို့။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ဉာဏ်ရှိသလို အသက်ရှည်နိုင်ကြပါစေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
စောနွဲ ့နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
