ကြက်သွန်ဖြူ နှင့်ကျန်းမာရေး
01-Mar-2017
ကြက်သွန်ဖြူဟာ Natural Antibiotic ဖြစ်တယ်လို့ အဏုဇီဝဗေဒရဲ့ ဖခင်ကြီးဖြစ်တဲ့ လူဝီပါစ်ချာက ၁၈၅၈ ခုနှစ်ကတည်းက ပြောခဲ့ပါတယ်။ ဒီနေ့သိပ္ပံနည်းကျ လေ့လာတဲ့အခါမှာ ကြက်သွန်ဖြူဟာ ဘက်တီးရီးယား၊ မှိုစွဲနာ၊ ဗိုင်းရပ်စ်ပိုးများ နဲ့ သန်ကောင်များကိုသေစေနိုင်ကြောင်း သိရပါတယ်။ဘက်တီးရီးယား အနေနဲ့ကြည့်ရင် သာမန်အရေပြားတွေမှာ စွဲကပ်တတ်တဲ့ ဘက်တီးရီးယားတင် မကဘဲ အသက်ရှုလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ဘက်တီးရီးယားတွေ ၊တီဘီရောဂါပိုးတွေ၊ တိုက်ဖွိုက် ရောဂါပိုး၊ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ရောဂါ ပိုးတွေကိုပါ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin ကြောင့် သေစေနိုင်ပါတယ်။
မှိုစွဲနာအနေနဲ့ အပေါ်ယံ အရေပြားမှာ ရှိတဲ့ ပွေး၊ညှင်းတို့ အပြင် အမျိုးသမီးတွေမှာ အဖြူဆင်း ရောဂါဖြစ်စေတဲ့ ပိုးကိုပါ နှိမ့်နင်းနိုင်ပါသည်။Virus ပိုးအနေနဲ့ အရေပြားမှာ ပေါက်တတ်တဲ့ ရေယုန် ဗိုင်းရပ်စ်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး တို့ကို နှိမ်နင်းနိုင်ပါတယ်။
ကြက်သွန်ဖြူကို ဆီမှာ စိမ်လိုက်ရင် ဆီမှာ ပျော်ဝင်တဲ့ Ajoene ဆိုတဲ့ ဒြပ်ပေါင်းတစ်ခု ထွက်လာပါတယ်။ သူဟာဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်ပါတယ်။ သန်ကောင်အနေနဲ့ ရိုးရိုး သန်လုံးကောင်တွေသာ မကဘဲ Hookworm လို့ခေါ်တဲ့ သန်ချိတ်ကောင်တွေကိုပါ ကျစေနိုင်ပါတယ်။ Hookworm တွေရှိရင် သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။
Credit : ဒေါက်တာခင်မောင်လွင်
( သဘာဝအစားအစာ နှင့် ကျန်းမာရေး ) Page 58.
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

