အစပ်စားခြင်းဖြင့် ကင်ဆာနှင့်နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းနိုင်
01-Mar-2017
US ရှိ Harvar ပြည်သူ့ကျန်းမာရေးကျောင်းနှင့် တရုတ်မှဆေးပညာ အဖွဲ့အစည်းတို့၏ လေ့လာမှုများအရ အစပ်စာများကို တစ်ပတ်နှစ်ကြိမ် စားသူများသည် မစားသူများနှင့်ယှဉ်လိုက်လျှင်၁၄ရာခိုင်နှုန်းလောက်အသက်ပိုရှည်ကြောင်း တွေ့ရှိခဲ့ကြသည်။ အစပ်စာ နေ့တိုင်းပါဝင်အောင် စားပေးပါက ကင်ဆာအပါအဝင် နှလုံးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ကြောင်း သိရသည်။
လေ့လာမှုတွင် အသက် ၃၀ နှင့် ၇၅ နှစ်ကြား လူပေါင်းငါးသိန်းကို လေ့လာခဲ့သည်။ လူတစ်ယောက်ချင်းစီ၏ အစားအစာ စားသည့်အလေ့အထကို ဆန်းစစ်ခဲ့ကြပြီး တစ်ပတ်တွင် အနည်းဆုံး အစပ်စာနှစ်ကြိမ်နှင့် အထက်စားသူများတွင် အဝလွန်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်နှုန်းနည်းကြောင်း ခုနစ်နှစ်အကြာ စစ်တမ်းကောက်ချက်များအရ သိရသည်။
လေ့လာမှုများအရ အစပ်စာများဖြစ်သည့် ငရုပ်ကောင်းနှင့် ငရုပ်သီးများတွင် အဝလွန်ရောဂါကို တိုက်ထုတ်ပေးနိုင်သည့် အင်တီအောက်ဆီးဒင့်နှင့် ရောင်ရမ်းမှုလျော့ကျစေသော အာနိသင်များ ပါဝင်ပြီးကင်ဆာတိုက်ထုတ်နိုင်စွမ်းကိုလည်း တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် အစပ်စာစားသူများသည် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ နည်းပါးကြောင်း အတည်ပြုခဲ့ကြသည်။
ယင်းလေ့လာမှုနောက်ပိုင်းတွင် တရုတ်လူမျိုးအများစုမှာ အစာစားနည်းနှင့် ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခဲ့ကြပြီး ကျန်းမာရေးအတွက် အစပ်စာများကို ထည့်သွင်းစားသုံးခဲ့ကြသည်။ အစပ်စာစားခြင်းသည် အရွယ်မတိုင်မီသေဆုံးမှုနှုန်းကိုလျှော့ချနိုင်သည်ဆိုသော်လည်း လူအများစုမှာအစပ်စာများကို ဘီယာ၊ အရက်များနှင့် တွဲဖက်စားသုံးလျှင်တော့ ဆန့်ကျင်ဘက်ရလဒ်အဖြစ် ဆိုးကျိုးကို ဖြစ်စေနိုင်ကြောင်းလည်းလေ့လာမှုအရ ထပ်လောင်းပြောကြားခဲ့သည်။ အစပ်စာများစားခြင်းသည်။
အစပ်စာများစားခြင်းသည် သင့်ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်သည်ဆိုသော်လည်း အစပ်စာများအား ဘီယာ၊ အရက်စသည့် အရက်ပါဝင်သည့် ဖျော်ရည်များနှင့် တွဲဖက်စားသုံးခြင်းကိုမူ အားမပေးနိုင်ကြောင်းလေ့လာမှုတွင် ပါဝင်ခဲ့သော ပါမောက္ခ ကယ်လ်ဗင် က သတိပေးပြောကြားခဲ့သည်။
Credit:
Arogyam magazine, Septmber 2015, Pg. 161
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
