ဆံသား အားဖြည့်ပေးနိုင်သော အစားအစာများ
01-Mar-2017
ဆံသားကောင်းမွန်စေဖို့ အထောက်အကူပြုစေမယ့် အစားအစာတွေကို သင်နေ့စဉ် စားနေကျ အစားစာတွေထဲမှာ ထပ်ပေါင်းဖြည့်စွက် စားပေးတာကြောင့် ဆံသားဆုံးရှုံးမှုကို ပြန်လည်အားဖြည့်နိုင်တဲ့အပြင် ဆံသားကို ပိုးသားလို နူးည့ံပျော့ပျောင်းစေမှာပါပဲ ဖြစ်ပါတယ်။
ငါး
ဆံသားကျန်းမာစေတဲ့ အဓိကအစားအစာပဲဖြစ်ပါတယ်။ ငါးမှာ အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်ပြီး ဦးရေပြားနဲ့ဆံသား ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဆယ်လ်မွန်၊ မက်ကရယ်စတဲ့ ငါးတွေက အဆီဟာ ဆံသားကို အထောက်အကူ ပြုစေပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ဆံသားပျော့ပျောင်းစေဖို့နဲ့ ဆံပင်နေလောင်တာတွေကို အစိမ်းရင့်ရောင် ဟင်းရွက်တွေက ကုသပေးနိုင်စွမ်းရှိပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ ဗီတာမင်အေနဲ့ စီ ပါဝင်ပြီး ဆံသားအတွက် အာဟာရတစ်မျိုး ဖြစ်စေနိုင်ပါတယ်။
အစေ့အဆန်များ
ဆံသားကျန်းမာနေစေဖို့ ဇင့်ဓာတ်လည်း မဖြစ်မနေ လိုအပ်ပါတယ်။ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဋ္ဌ်စေ့စတဲ့ အစေ့အဆန်တွေထဲမှာ ဇင့်ဓာတ်ပါဝင်တာကြောင့် မှီဝဲဖို့လိုပါတယ်။ အစေ့အဆန်တွေမှာ ကင်ဆာကို တိုက်ထုတ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။
ကောက်နှံစာများ
ဂျုံ၊ အုတ်ဂျုံ၊ ဆန်၊ ဆန်လုံးညိုစတဲ့ ကောက်နှံစာတွေမှာလည်း ပရိုတိန်း၊ သံဓာတ်၊ ဇင့်နဲ့ ဘိုင်အိုတင်တွေ ပါဝင်နေလို့ အာဟာရချို့တဲ့တာကြောင့် ဆံသားဆုံးရှုံးမှုကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။
Credit:
Arogyam magazine, September 2015, Pg. 173
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
