ရေနှင့်ကျန်းမာရေး
01-Mar-2017
လူတွေသောက်သုံးတဲ့ရေကို Drinking water (သို့) potable water လို့ ခေါ်ပါတယ်။သောက်သုံးဖို့ မဟုတ်ဘဲ လူတွေအတွက် အန္တရာယ်မရှိတဲ့ ရေတွေကိုတော့ ရေကူးခြင်း၊ရေချိုးခြင်းတွေမှာ အသုံးပြုပြီး ချိုးရေ၊ သုံးရေစသည်ဖြင့် အမျိုးမျိုးခေါ်တွင်ကြပါတယ်။ (Chlorine) ကလိုရင်းဟာ ချိုးရေ (သို့) သောက်သုံးတဲ့အခါ အန္တရာယ်ကင်းစေဖို့အတွက်အသုံးပြုတဲ့ ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ အရွယ်အစားပေါ်မူတည်ပြီးတော့ ရေဟာ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းထိ ပါဝင်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ တာဝန်တွေကို ပုံမှန်ထမ်းဆောင်နိုင်ဖို့ အတွက် ရေဓာတ် ခန်းခြောက်ခြင်းကို ကာကွယ်ဖို့အတွက် ရေကို နေ့စဉ် ၃ - ၄ လီတာ ခန့် သောက်သုံးဖို့လိုအပ်ပါတယ်။ ဘယ်လောက်ထိ သောက်သုံးရမယ်ဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု၊ အပူချိန်၊ စိုစွတ်ထိုင်းမှိုင်းမှုနှင့် အခြားအရာတွေ အပေါ်မူတည်ပြီး ကွဲပြားလေ့ရှိပါတယ်။
လူတွေဟာ exercise ပြုလုပ်နေစဉ်မှာရေကို ပိုမိုသောက်သုံးဖို့ လိုအပ်သည်မှာ မှန်သော်လည်း ရေဓာတ်လွန်ခြင်း (hyperhydration) water intoxication ရဲ့ ဆိုးကျိုး ကိုတော့ သိထားရပါမယ်။ water intoxication ဟာ သေစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့တိုက်မိခင်တွေဟာ ရေဓာတ်ပြည့်ဝနေဖို့အတွက် ရေကိုပိုမိုသောက်သုံးဖို့လိုပါတယ်။
ရေကိုခန္ဓာကိုယ်ထဲကနေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စွန့်ထုတ်ကြပါတယ်။ ဆီးသွားခြင်း၊ မစင်စွန့်ခြင်း၊ ချွေးထွက်ခြင်း အသက်ရှူထုတ်တဲ့အခါ ရေငွေ့များ အားစွန့်ထုတ်ခြင်းစသည်တို့ပဲဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေစဉ်နဲ့ အပူရှိန်နဲ့ ထိတွေ့နေစဉ်မှာ ရေဓာတ် ဆုံးရှုံးမှုဟာလည်း မြန်နေမှာဖြစ်ပြီး ရေကိုပိုမိုသောက်သုံးရမှာလည်း ဖြစ်ပါတယ်။ အဲဒါတွေကတော့ copper, iron, calcivm နှင့် Lead, အန္တရာယ်ရှိသော ဗက်တီးရီးယားပိုးမွှားများ (Vibrio) စသည်တို့ ဖြစ်ပါတယ်။ ရေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ရောဂါပိုးများ အလွယ် တကူ မဝင်ရောက်ဖို့အတွက်လည်း အရေးကြီး တဲ့ အရာဖြစ်ပါတယ်။
Credit:
သက်တန့်ချို
Health for all magazine, October 2015, Pg. 122
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
