အစက်အပြောက်ဖြစ်တာကို ဘယ်လိုကုသမလဲ
01-Mar-2017
အသက်ရလာတာနှင့်အမျှ ခနွာကိုယ် အရေပြားနေရာတွေမှာ အစက်အပြောက်တွေဖြစ်လာတတ်ပါတယ်။ အထူးသဖြင့်ကတော့ မျက်နှာ၊ လည်ပင်းနဲ့ လက် စတဲ့နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီအစက်အပြောက်တွေဟာ နာကျင်မှု မရှိတဲ့အတွက် လူအတော်များများက ဂရုစိုက်လေ့မရှိကြပါဘူး။ ဒီလိုဖြစ်ရတာဟာလည်း ခနွာကိုယ်မှာ ဗီတာမင် E၊ Selenium စတဲ့ဓာတ်တွေ လိုအပ်နေလို့ပါပဲ။ ဒါ့အပြင် အရက်သေစာသောက်စားခြင်းကလည်း အရေပြားမှာ အစက်အပြောက်ဖြစ်စေခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။
ကုသနည်းတွေကတော့ -
၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကနေ ရနိုင်တဲ့ ပရိုတင်းဓာတ်ဟာ ဒီလိုအစက်အပြောက်တွေကို ကုသရာမှာ မပါရင် မဖြစ်ပါဘူး။ ဒါကြောင့်မို့ တစ်ချို့သော အစိမ်းစားနိုင်တဲ့ အသီးနဲ့အရွက်တွေကို အစိမ်းစားပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကွေကာအုပ်၊ အစေ့တွေနဲ့ အဆန်တွေကိုလည်း များများစားပေးဖို့လိုပါတယ်။
၂။ အစက်အပြောက်တွေရှိတဲ့ အရေပြားနေရာတွေကို ဓာတုဆေးဝါး ခပ်ပြင်းပြင်းတွေပါတဲ့ လိမ်းဆေးတွေကို အရမ်းမလိမ်းသင့်ပါဘူး။ အရေပြားကို သံလွင်ဆီနှင့် လိမ်းပေးပြီး ရေပတ်ဝတ်နှင့် အသာလေး သုပ်ပေးရပါမယ်။ ပြီးမှရှောက်ရည်နှင့်ရေကို ဆတူရောလို့ အရေပြားပေါ် လိမ်းပေးပြီးမှ ရေနဲ့ သန့်စင်ဆေးကြောပေးရပါမယ်။
၃။ ညအိပ်ရာမဝင်ခင်အချိန်မှာလည်း အရေပြားပေါ်မှာ ရှောက်ရည်ကို ခပ်ပါးပါး လိမ်းပေးရပါမယ်။ အဲဒီလိုလိမ်းကြည့်ပြီး ယားယံတာမျိုး မဖြစ်ခဲ့ဘူးဆိုရင် ရှောက်ရည်ကို နံနက်ရော၊ ညအချိန်တွေမှာပါ အသုံးပြုပေးနိုင်ပါတယ်။
၄။ အနီရောင်ရှိတဲ့ တောပဲတစ်မျိုးနဲ့ ဆူးပလွေပင်မှရသော အနှစ်ရည်တို့ကို မကြာခဏသုံးပေးခြင်းက သွေးကို သန့်စင်စေပြီး အစက်အပြောင်တွေ
ပျောက်ကင်းဖို့အတွက်လည်း အထောက်အကူပြုပါတယ်။
၅။ ဒါ့အပြင် တတ်နိုင်သမျှ နေလောင်ဒဏ် မခံရအောင်နေပါ။ ဒီလိုဆိုရင်တော့ အရေပြား အစက်အပြောက်ဖြစ်တာကို လျော့ပါးသက်သာစေနိုင်မှာ အမှန်ပါ။
Credit:
Health for all magazine, November 2012, Pg. 37
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
