စာမေးပွဲနေ့တွင် စားသင့်သောမနက်စာ
01-Mar-2017
အဆီနည်းသော အသားအသင့်အတင့်၊ သစ်သီးဝလံ၊ သစ်သီးဖျော်ရည်များကို စားသုံးသင့်ပါတယ်။ သစ်သီးတွေမှာ Fructose ဖရတ်တို့(စ်) သကြားပါဝင်ပါတယ်။ Fructose သကြားဓာတ်ဟာ ရိုးရိုးသကြား၊ ပျားရည်တို့ထက် ပိုပြီး အစာချေဖျက်ဖို့ အချိန်ယူရပါတယ်။ ဒါကြောင့် အစာချေဖျက်ဖို့ ဦးနှောက်ကို သွေးအပို လျော့စရာ မလိုတော့ပါဘူး။ ဦးနှောက်မှာ သွေးလှည့်ပတ်မှု ကောင်းနေတဲ့အတွက် ဦးနှောက်ကကောင်းစွာအလုပ်လုပ်နိုင်ပါတယ်။ အဆီအဆိမ့်တွေ၊ ကစီဓာတ်တွေ များများစားလိုက်ရင် ဒီအစာတွေကို ချေဖျက်ဖို့သွေးလှည့်ပတ်မှု ပိုလိုလာတဲ့အတွက် ဦးနှောက်ဟာသွေးရရှိမှု လျှော့ပေးရပါတယ်။ ဒါ့ကြောင့် ငိုက်မြည်းတတ်ပါတယ်။ စဉ်းစားမှုတွေကို ထုံထိုင်းစေတတ်ပါတယ်။ ဝက်အူချောင်း၊ ဒန်ပေါက်၊ ဝက်သား၊ ပေါင်မုန့်ကြော်၊ ထမင်းကြော်တို့လို နံနက်စာမျိုး မစားသင့်ပါဘူး။ ကော်ဖီသောက်ချင်ရင် တစ်ခွက်လောက်ပဲ သင့်တော်ပါတယ်။ ကော်ဖီကြောင့် ဆီးရွှင်တတ်လို့မကြာခဏ ထပြေးရတတ်တာလည်း အနှောင့်အယှက်ဖြစ်ပါတယ်။
Credit:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Health for all magazine, January 2016, Pg.119
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
