သတ်သတ်လွတ် အစားအစာနှင့် ကျန်းမာရေး
11-Apr-2017
သတ်သတ်လွတ်စားသုံးသူများအနေနှင့်အသီးအရွက်နှင့်အသီးအနှံများစားသုံးခြင်းမှရရှိသော အမျှင်ဓာတ်၊ဗီတာမင်ဓာတ်၊သတ္တုဓာတ်နှင့် အခြားသောအာဟာရဓာတ်များကြောင့် သွေးတွင်းကိုလက်စ်ထရောအဆီ ကျစေပါသည်။
ထို့အပြင် သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊အဝလွန်ရောဂါနှင့် ကင်ဆာရောဂါတို့ ဖြစ်ပွားမှုကိုလဲ လျော့နည်းစေပါသည်။ အသားရှောင်ခြင်းကြောင့် တိရစ္ဆာန်မှရရှိသော ပြည့်ဝဆီကိုရှောင်ပြီးသားဖြစ်သွားပြီး ကျန်းမာရေးကောင်းမွန်စေ ရန်အထောက်အကူပေးပါသည်။ တစ်ဖက်ကကြည့်လျှင်ဖြင့် သတ်သတ်လွတ် စားသုံးသူများသည် ကြက်သား၊အမဲသား၊ ငါးတို့မှရရှိသော ပရိုတင်းဓာတ်၊ဘီတွဲ (B 12) ဓာတ်တို့ ချို့တဲ့ကြသည်။
ထို့ကြောင့်ပရိုတင်းဓာတ်ရရှိရန် ပဲအမျိုုးမျိုး၊ပဲနို့၊ အခွံမာသီးများ၊ အစေ့အဆံများနှင့် တိုဖူးတို့ကို စားသုံးပေးဖို့ လိုအပ်ပါသည်။ ထို့အပြင် ငါးစားခြင်းမှ ရရှိသော omega-3 fatty acid သည်လည်း ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် သတ်သတ်လွတ် စားသုံးသူများအနေနဲ့ omega-3 fatty acid နှင့် ဗီတာမင် B 12 ပါဝင်သော အားဆေးများမှီဝဲခြင်းဖြင့် ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။
Writer: Dr Toe
Credit : www.everydayhealth.com
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
