အရိုးစွပ်ပြုတ်သောက်ခြင်းဖြင့် နုပျိုကျန်းမာစေခြင်း
20-May-2017
နယူးယော့ခ် ဖက်ရှင်သီတင်းပတ်မှ မော်ဒယ်များသည် အရိုးစွပ်ပြုတ်များကို သောက်သုံးလေ့ရှိကြောင်း၊ ယင်းမှာ နုပျိုကျန်းမာသည့် လျှို့ဝှက်ချက် ဖြစ်ကြောင်းသိရသည်။ အရိုးစွပ်ပြုတ်ထဲတွင် အမိုင်နိုအက်စစ်၊ ကယ်လ်စီယမ်နှင့် ကော်လာဂျင်တို့များစွာ ပါဝင်ပြီး ထိုစွပ်ပြုတ်သောက်ခြင်းဖြင့် အဆစ်နာကျင်ကိုက်ခဲမှု သက်သာစေသည့်အပြင် အသားအရေ၊ လက်သည်းနှင့် ဆံပင်သားတို့ကို ကျန်းမာစေကြောင်း ဆိုသည်။
အရိုးစွပ်ပြုတ်တစ်ခွက်လျှင် ၈၆ ကယ်လိုရီသာ ပါဝင်သဖြင့် ကိုယ်အလေးချိန် သွယ်လျလိုသူတို့ နေ့လယ်စာအဖြစ် သောက်သင့်ကြောင်းသိရသည်။ အမဲရိုး၊ ကြက်ရိုး ၂-၃ ကီလိုဂရမ် ထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီနှင့် တရုတ်နံနံပင်တို့ကို ထည့်ပြီး ငရုတ်သီးမှုန့်အနည်းငယ်နှင့် ရှာလကာရည် အစက်အနည်းငယ်တို့ ထည့်ပြုတ်ထားသော စွပ်ပြုတ်သည် အချိန်ရှစ်နာရီခန့် ဆာလောင်မှုကင်းစေကြောင်း သိရသည်။
အရိုးစွပ်ပြုတ်မှာ အာဟာရဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် အအေးမိဝေဒနာ၊ တုပ်ကွေးနဲ့ အစာခြေလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်နေသူတွေကို မှီဝဲဖို့ ညွှန်လေ့ရှိပါတယ်ဟု အာဟာရပညာရှင် လော်ရာက ဆိုသည်။ အရိုးစွပ်ပြုတ်ထဲမှာ အဓိကပါဝင်တဲ့ ပရိုတင်းဓာတ်က ဂျယ်လတင်ဓာတ်ပဲ ဖြစ်ပါတယ်။ ဂျယ်လတင်အားဖြည့်ဆေးကို အရိုးအဆစ်ရောင် နာကျင်သူတွေမှာ နာကျင်မှုနဲ့ တောင့်တင်းမှုတွေ သက်သာစေဖို့ ညွှန်ကြားလေ့ရှိပါတယ်ဟု လော်ရာက ထပ်မံပြောကြားခဲ့သည်။
Credit:
Arogyam magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
