Print

ဗီတာမင်များ

  30-May-2017
Preview Image


ဗီတာမင်အေ ချို့တဲ့လျှင် ဘာဖြစ်တတ်သလဲ။

 ကလေးငယ်တွေမှာ ဖြစ်ရင် ကြီးထွားမှု နှောင်းနှေးတတ်တယ်။ မျက်စိမြင်အား ချို့တဲ့ပြီး မျက်မြှေးခြောက်ရောဂါ ဖြစ်တတ်တယ်။


ဗီတာမင် A ပါတဲ့ အစားအသောက်တွေကို ပြောပြပေးပါ။

 အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသည်း၊ ငါး၊ နို့၊ ဥ၊ ထောပတ်။


ဗီတာမင် B1 ချို့တဲ့လျှင် ဘာဖြစ်နိုင်သလဲ။

 ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။ ခြေထောက်များ၊ လက်များ၊ ထုံကျဉ်ခြင်း၊ တဆစ်ဆစ်နှင့် နာကျင်ခြင်း၊ ပူအိုက်ခြင်း၊ ကြွက်သားများ အထိမခံနိုင်အောင် နာခြင်းစတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အလွန်အမင်းဆိုးလာလျှင် နှလုံးကြီးလာကာ သွေးလည်ပတ်မှု အားနည်းလာတတ်တယ်။ ခြေထောက်တွေ ဖောရောင်လာတတ်တယ်။ ဦးနှောက်ရောဂါတွေ ဝင်လာတတ်ပြီး သတိလစ်နိုင်ပါသည်။ များသောအားဖြင့် အရက်သမားတွေမှာ အတွေ့များတတ်သည်။ 


ဗီတာမင် B1 ပါဝင်တဲ့ အစားအစာတွေက ဘာတွေလဲ။ 

 တဆေး၊ အာလူး၊ အသည်း၊ အစေ့၊ အဆန်၊ ဥ၊ အသား၊ ဟင်းသီးဟင်းရွက်။


ဗီတာမင် B2 ချို့တဲ့တဲ့အခါ ဘယ်လိုလက္ခဏာတွေပြသလဲ။

 ပါးစပ်ထောင့် အရေပြားကွဲအက်ခြင်း (ကျီးကန်းပါးစပ်)၊ လက်များ ပပ်ကြားအက်ခြင်း၊ ခန္ဓာကိုယ်အရေပြားများကွာခြင်း၊ မျက်စိယားယံခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။ 


ဗီတာမင် B2 ပါဝင်တဲ့ အစားအသောက်တွေကို ပြောပြပေးပါ။

 ဥ၊ နို့၊ ဒိန်ခဲ၊ အသား၊ အသည်း။


ဗီတာမင် B6 ချို့တဲ့တဲ့အခါ ဘာဖြစ်တတ်သလဲ။

 ကလေးငယ်တွေမှာ အတွေ့ရများပြီး တက်ခြင်း၊ ကြီးထွားမှုနှေးကွေးခြင်းတွေ ဖြစ်တတ်ပါတယ်။ အဖြစ်နည်းပါတယ်။ 


ဗီတာမင် B6  ပါတဲ့ အစားအစာတွေက ဘာတွေလဲ။

 အသည်း၊ ကောက်နှံမျိုး၊ ငါး၊ ဟင်းသီးဟင်းရွက်၊ တဆေး။


ဗီတာမင် B12 ချို့တဲ့လျှင် ဘာတွေဖြစ်နိုင်သလဲ။

 သွေးအားနည်းရောဂါဖြစ်တတ်ပြီး အာရုံကြောဝေဒနာကို ခံစားရနိုင်ပါတယ်။ 


ဗီတာမင် B12 ကြွယ်ဝတဲ့ အစားသောက်တွေကို ပြောပြပါ။

 ဥ၊ နို့၊ အသည်း၊ အသား။


ဗီတာမင် C ဓာတ်အားနည်းရင် ဘာတွေဖြစ်နိုင်သလဲ။

 စကာဗီိလို့ခေါ်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ သွားဖုံးသွေးယိုခြင်း၊  စိတ်တိုခြင်း၊ သွေးအားနည်းရောဂါဝင်ခြင်း၊ အရိုးအဆစ်ထဲသို့ သွေးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ်။


ဗီတာမင် C ကို ဘယ်အစားအစာတွေကနေ ရနိုင်သလဲ။

 ရှောက်၊ သံပရာ၊ ကျွဲကော်၊ လိမ္မော်၊ ခရမ်းချဉ်စတဲ့ အချဉ်ဓာတ်ပါဝင်တဲ့ အသီးတွေကနေ ရနိုင်ပါတယ်။


Credit:

ဒေါက်တာငြိမ်းချမ်းအောင်

ကျန်းမာရေးအတွက် သိသင့်သောအဖြေများ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18