Print

ပန်းသီးစားခြင်း၏ ကောင်းကျိုးများ

  03-Jun-2017
Preview Image


လတ်ဆတ်တဲ့ ပန်းသီးလေးတွေဟာ စားချင်စရာပါပဲ။ အရည်ရွှမ်း၊ အရသာရှိလှတဲ့အပြင် ကယ်လိုရီဓာတ်လည်း နည်းပါးလို့ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ၅ အောင်စ (140 gm) လောက်ရှိတဲ့ ပန်းသီးဟာ ၉၀ ပဲပါဝင်ပါတယ်။ ပန်းသီးပင်တွေဟာ Temperate Climates အပူပိုင်း ရာသီဥတုတွေမှာ ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် ပိုးမွှားတွေ ကူးစက်လွယ်ပါတယ်။ ပိုးစာ ပိုးဖောက်တတ်တာမို့ ပန်းသီးတွေကို ပိုးသတ်ဆေးတွေဖြန်းပြီး သုံးလေ့ရှိကြပါတယ်။ ဒါကြောင့် ပန်းသီးစားရင် ရေကို စနစ်တကျနဲ့ ပြောင်စင်အောင် ဆေးဖို့ လိုအပ်ပါတယ်။ ပန်းသီးအခွံနွှာပြီး စားဖို့ ပညာရှင်များက အကြံပြုပါတယ်။


“ An Apple a day keeps the doctor away” “ ပန်းသီးတစ်နေ့တစ်လုံးစား၊ သမားမလို ” တဲ့။ ဒါပေမဲ့ အလုပ်ဖြစ်ဖို့ဆိုရင် ပန်းသီးတစ်လုံးတည်းနှင့် မလုံလောက်ပါဘူး။ ပန်းသီးတစ်လုံးမှာ ဗီတာမင်စီ 8 mg သာ ပါဝင်ပါတယ်။ ပန်းသီးဟာ Pectin ဆိုတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပါတယ်။နှလုံးနဲ့သွေးကြောစနစ်မှာ အဓိကအန္တရာယ်ပြုနေတဲ့ LDL Cholesterol တွေကို လျှော့ချနိုင်စွမ်းရှိပါသည်။ အခြားအများအပြားပါဝင်တာကတော့ Antioxidants များဖြစ်ကြပါတယ်။


ပန်းသီးဟာ အရသာရှိတယ်။ အစာကြေလွယ်တယ်။ ကလေးတွေလည်း စားနိုင်ပါတယ်။ ပန်းသီးကို Natural Tooth brush လို့လည်းခေါ်ပါတယ်။ သွားတွေကို သန့်ရှင်းစေလို့ပါ။ စိတ်ဖိစီးမှုတွေကို လျှော့ကျစေနိုင်တယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ကြောင်း သိရပါတယ်။ အဓိကကတော့ Antioxidants များ၊ ဗီတာမင်များ Micro-nutrients (အနုအာဟာရဓာတ်များ) စသည်ဖြင့် အကျိုးပြုဓာတ်ပစ္စည်းများ ဖွယ်ဖွယ်ပါဝင်တဲ့ အတွက် “ပန်းသီးတစ်လုံးစား သမားမလို” လို့ ဆိုတာကိုး။ ဒါကြောင့် ပန်းသီးကို အိမ်တိုင်းမှာ ဆောင်ထား၊ မိသားစုရဲ့ Favourite အကြိုက်ဆုံးစားစရာ၊ လူကြီးလူငယ်မရွေး စားသင့်တဲ့ သစ်သီး၊ သဘာဝမိခင်ကြီးရဲ့အကောင်းဆုံး သဘာဝလက်ဆောင်အဖြစ် စားသုံးသင့်တာပဲ ဖြစ်ပါတယ်။


Credit:

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

Health for all magazine, December 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18