Print

အိုင်အိုဒင်းဆား

  08-Jun-2017
Preview Image


အိုင်အိုဒင်းဆား စားရမယ်ဆိုတာသိတယ်။ ဟင်းချက်တိုင်းလည်း အိုင်အိုဒင်းဆား သုံးတယ်။ ဒါပေမယ့် ဘာလို့စားနေရမှန်းကို မသိဘဲနဲ့ စားနေရတယ်မလား ?? အိုင်အိုဒင်းချို့တဲ့လျှင် ဖြစ်မယ့် ကျန်းမာရေး အန္တရာယ်တွေက ကြီးမားလို့သာ မဖြစ်မနေ စားသုံးရတာပါ။ 


ကိုယ်ဝန်ဆောင်များ အိုင်အိုဒင်း ချို့တဲ့လျှင်

- ကိုယ်ဝန်ပျက်ကျတတ်ခြင်း

- ကလေးအသေမွေးတတ်ခြင်း

- လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးတတ်ခြင်း

- ဆွံ့အ နားမကြားသော ကလေး၊ ခြေလက်မသန်စွမ်းသော ကလေးမွေးတတ်ခြင်း

- ဉာဏ်ရည်နိမ့်သော ကလေးမွေးတတ်ခြင်း


ကလေးငယ်များ အိုင်အိုဒင်း ချို့တဲ့လျှင်

- ပုံမှန်မကြီးထွားဘဲ အရပ်ပုနေမည်။

- ဉာဏ်ထိုင်းမည်။

- သွက်လက်ဖြတ်လတ်မှုမရှိ၊ ထုံထိုင်းနှေးကွေးမည်။

- လည်ပင်းကြီးရောဂါ ဖြစ်မည်။


လူကြီးများ အိုင်အိုဒင်း ချို့တဲ့လျှင်

- လည်ပင်းကြီးရောဂါဖြစ်မည်။

- သွက်လတ်ဖြတ်လတ်မှုမရှိ၊ ထုံထိုင်းနှေးကွေးမည်။


ဒါဆို အိုင်အိုဒင်းအာဟာရဓာတ်က အိုင်အိုဒင်းဆားကို စားမှရတာလား?

- ကလေးများ ပုံမှန်ကြီးထွားရေး၊ ညဏ်ရည်ထက်မြက်ရေးနှင့် လူကြီးလူငယ် လူရွယ်အားလုံး ကျန်းမာရေးအတွက် အိုင်အိုဒင်း အာဟာရဓာတ်ကို လုံလောက်စွာ စားသုံးဖို့ လိုအပ်သည်။

- အိုင်အိုဒင်း အာဟာရသည် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ နို့၊ ဥ စသည့် အစားအစာမျိုးစုံတွင် အနည်းငယ်စီ ပါဝင်နေသည်။

- ပင်လယ်မှ ထွက်သော အစာများ ( ပင်လယ်ငါး၊ ပုစွန်၊ ကျောက်ပွင့် စသည်တို့ ) တွင် အိုင်အိုဒင်း အာဟာရ ပိုကြွယ်ဝသည်။

- မြန်မာနိုင်ငံတစ်ဝန်း မည်သည့်ဒေသတွင် နေသည်ဖြစ်စေ၊ အစားအစာတစ်မျိုးတည်းမှ အာဟာရကို လုံလောက်စွာရရှိဖို့ မသေချာပေ။

- အိုင္အိုဒင်း အာဟာရကို လုံလောက်စွာ ရရှိစေရန် မိသားစုတိုင်း အသက်အရွယ်မရွေး အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးကြဖို့ လိုအပ်ပါသည်။

- အိုင်အိုဒင်းဆား ဆိုသည်မှာ မိမိတို့စားနေကျ အိမ်သုံးဆား အပုံတစ်သိန်းတွင် အိုင်အိုဒင်း အာဟာရ ၃ ပုံခန့် (ပါသည်ဆိုရုံ) ဖြည့်ထားသော ဆားဖြစ်သည်။ စားနေကျ အိမ်သုံးဆားနှင့် အရောင်အဆင်း၊ အနံ့၊ အရသာ၊ ခြားနားမှုမရှိပါ။

- အိုင်အိုဒင်းဆားနေ့စဉ် စားရုံနှင့် အိုင်အိုဒင်းအာဟာရ လွန်ကဲမှုမဖြစ်နိုင်ပါ။


Credit:Unicef

Dr.Greenbud ( 7887 Healthcare Call Center )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18