အစားအသောက်ဆိုင်ရာ ယုံကြည်မှုဓလေ့ ထုံးစံနှင့်အလေ့အထအမျိုးမျိုး
18-Jul-2017- မြန်မာမိခင်များ မိခင်နို့ကို ကလေး၏ အသက် ၂ နှစ်ထိ တိုက်ကျွေးခြင်းသည် ကောင်းသော ဓလေ့ဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်းကြရပါမည်။
- နို့တိုက်မိခင်များ ငါးနှင့် အရွက်မျိုးစုံပါသော ဟင်းခါးရည်ကို အဝသောက်ခြင်းသည် အာဟာရဖြစ်စေသည်။
- မီးဖွားပြီး ပထမ ၁ -၂ ရက်တွင်ထွက်သည့် နို့ဦးရည်သည် ကလေးအတွက် အာဟာရဖြစ်စေသည်။ ရောဂါကာကွယ်စွမ်းကိုလည်း ပေးသည်။ ကလေးအားထိုနို့ဦးရည်ကို တိုက်ရပါမည်။ နို့ဦးရည်ကို ညှစ်ထုတ်ပစ်သည့် ဓလေ့ကို ရှောင်ပါ။
- ကလေးအား အသက် ၆ လ မတိုင်မီ ထမင်းခွံ့လျှင် အစာမကြေ ၊ ဝမ်းပျက် ဝမ်းလျှောဖြစ်နိုင်သည့်အပြင် နို့စို့နည်းပြီး ကလေး၏အာဟာရ အခြေအနေကိုပါ ထိခိုက်နိုင်သဖြင့် ထိုဓလေ့ကို ဖျောက်၍ အသက် ၆ လ ကျော်မှစ၍ ခွံ့သင့်ပါသည်။
- ကလေးကို သားငါး ကျွေးလျှင် သန်ထမည်။ အသီးအရွက်ကျွေးလျှင် ဝမ်းပျက်မည်ဆိုသော ယုံကြည်မှုများမှာ မှားယွင်းပါသည်။ အသား ၊ ငါးသည် ကလေး၏ ကြီးထွားမှုအတွက် လိုအပ်သည့် ပရိုတင်းအာဟာဂ ကြွယ်ဝသဖြင့် ကလေးအား ကျွေးမွေးရပါမည်။ လတ်ဆတ်သော အသီးအရွက်များကို ကျွေးလျှင် ဝမ်းမပျက်ပါ။ သန်ကောင်ရောဂါနှင့် ဝမ်းပျက်ရောဂါများသည် မသန့်ရှင်းမှုကြောင့် ဖြစ်ရကြောင်း နားလည်သဘောပေါက်သင့်ပါသည်။
- ဘာသာရေးကြောင့်လည်းကောင်း ၊ အခြားအကြောင်း အမျိုးမျိုးကြောင့်လည်းကောင်း ၊ သတ်သတ်လွတ်စားကြသူများ ၊ အစားရှောင်သူများရှိပါသည်။ ရှောင်သည့်အစာတွင် ပါဝင်သော အာဟာရဓာတ်အချို့ကို အခြားအစားအစာမှရရှိအောင် ဖြည့်စွက်၍ စားတတ်ရမည်။ လိုအပ်လျှင် ဗီတာမင်ဆေးများ မှီဝဲရပါမည်။
- မှားယွင်းသည့် ယုံကြည်မှု အမျိုးမျိုးကြောင့် အစားရှောင်တတ်ကြသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များဖြစ်ကြသည်။ ယင်းဓလေ့သည် အာဟာရချို့တဲမှုကို ဖြစ်စေနိုင်သည်။ ဆရာဝန်ဆရာမများ၏ အကြံဉာဏ်ကို ယူ၍ အစာစုံလင်အောင် စားကြပါ။
- ဆန်ကို ဆွတ်ဆွတ်ဖြူအောင် ကြိတ်ခွဲခြင်း ၊ ရေနှင့် အထပ်ထပ်ဆေးခြင်း ၊ထမင်းရည်ငဲ့၍ ချက်ခြင်း ၊ ထို့ကြောင့် ဗီတာမင်ဘီဝမ်း အပါအဝင်အာဟာရဓါတ်များ ဆုံးရှုံးရပါသည်း။ ထိုဓလေ့များကိုဖျောက်၍ ထမင်းရေခမ်းချက်သည့် ဓလေ့ကိုကျင့်သုံးရပါသည်။
Credit: Unicef
By Dr. May Hnin Phyu (7887 Healthcare Call Center)