သီဟိုဠ်စေ့၏ ကျန်းမာရေးရာကောင်းကျိုးများ
22-Dec-2017သီဟိုဠ်စေ့၏ အရသာက အင်မတန်စားကောင်းလွန်းပါတယ်။ အရသာပြည့်စုံရုံတင်မကဘဲ ကျန်းမာရေးအတွက်၊ အလှအပအတွက်၊ ကိုယ်ဝန်ဆောင်အတွက် ကောင်းကျိုးတွေများစွာ ပေးနိုင်စွမ်းပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေ စားမယ့်အစား သီဟိုဠ်စေ့စားသုံးလိုက်ပါက ကောင်းကျိုးအဖြားဖြားကို သင်ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ကင်ဆာရောဂါအတွက် ကောင်းကျိုးများ
• ကင်ဆာကြိးထွားမှုမဖြစ်အောင် တားဆီးပေးတယ်
• ကင်ဆာတွေကို တိုက်ခိုက်ပေးတယ်
• ဓာတ်တိုးဖြစ်စဉ်တွေကို တားဆီးပေးတယ်
• ကင်ဆာရောဂါကုသရာမှာ လျင်မြန်သက်သာစေတယ်
• ပိုးမွှားတွေ မဝင်အောင်တားဆီးပေးတယ်
နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးများ
• သွေးဖိအားပုံမှန်ဖြစ်အောင် ထိန်းပေးတယ်
• နှလုံးကျန်းမာစေတယ်
• နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်
• နှလုံးသွေးကြောကျဉ်း မဖြစ်အောင်ကာကွယ်ပေးတယ်
• သွေးတွင်းအဆီကို လျော့နည်းစေတယ်
• သွေးစီးဆင်းမှု ကောင်းမွန်စေတယ်
ဆံပင်အတွက် ကောင်းကျိုးများ
• ဆံပင်သန်စေတယ်
• သဘာဝအရောင်အဆင်းဖြစ်စေတယ်
အရိုးအတွက်ကောင်းကျိးများ
• အရိုးကြီးထွားမှုကို အားပေးတယ်
• ကယ်လ်စီယမ် စုပ်ယူမှုကို ကောင်းမွန်စေတယ်
• အရိုးသိပ်သည်းဆ မြင့်မားစေတယ်
• အရိုးလှုပ်ရှားမှုတွေ ကောင်းမွန်စေတယ်
• အရိုးအတွက် အာဟာရဖြစ်စေတယ်။
• ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးတယ်
• အရိုးသိပ်သည်းဆကို ကောင်းမွန်စေတယ်
• အရိုးလှုပ်ရှားမှုကို ကောင်းမွန်စေတယ်
• အရိုးပုံပန်းမပျက်အောင် ကာကွယ်ပေးတယ်
အာရုံကြောအတွက် ကောင်းကျိုးများ
• အာရုံကြောအဖွဲ့အစည်းကို ကျန်းမာစေတယ်
• အာရုံကြော၊ သွေးကြောနဲ့ ကြွက်သားတွေ အနားရစေတယ်
သွားနှင့်သွားဖုံးအတွက် ကောင်းကျိုးများ
• သွားနှင့်သွားဖုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
• သွားပိုးမစားအောင် ကာကွယ်ပေးတယ်
မျက်စိအတွက်ကောင်းကျိုးများ
သက်ကြီးမျက်စိရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်
အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဇီဇမ်သင်းပါဝင်ပြီး အဲဒီဒြပ်ပေါင်းကို မျက်စိက စုပ်ယူကာ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ မျက်စိကိုမထိခိုက်အောင် ကာကွယ်ပေးပါတယ်။ ဒါက အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ မျက်စိအမြင်အာရုံချို့တဲ့တာ မဖြစ်အောင် တားဆီးပေးပါတယ်။
ကိုယ်အလေးချိန်ကျစေသော ကောင်းကျိုးများ
• ကျန်းမာရေးအတွက် ပရိုတင်းများစွာပါတယ်
• အမျှင်ဓာတ်များပါဝင်တယ်
ဦးနှောက်အတွက် ကောင်းကျိုးများ
• ဦးနှောက်လုပ်ငန်းကို ကောင်းမွန်စေတယ်
• ဦးနှောက်စွမ်းရည် မြင့်မားစေတယ်
အရေပြားအတွက်ကောင်းကျိုးများ
• အရေပြားရောင်ရမ်းမှုကို ကာကွယ်ပေးတယ်
• သံဓာတ်အသုံးပြုမှု များစေတယ်
• အရေပြားနုပျိုစေတယ်
• အရေပြားကင်ဆာရောဂါကာကွယ်နိုင်တယ်
• သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးတယ်
• ကျန်းမာရေးပြဿနာတွေ ကင်းစေတယ်
• သွေးအားနည်းတာကို ကာကွယ်နိုင်တယ်
ကိုယ်ဝန်ဆောင်အတွက်ကောင်းကျိုးများ
• ကျန်းမာစွမ်းအားပြည့်စေတယ်
• တစ်သျှူးပျက်စီးမှုကို လျော့နည်းစေတယ်
• အကြောပြတ်ရာတွေကို လျော့နည်းစေတယ်
Credit: ဇာခြည်ဝင်း (ေးဝါးတက္ကသိုလ်)