ရေကူးကန်ထဲရေကူးနေစဉ် မျက်စိနီရခြင်းအကြောင်း
24-Feb-2017
ရေကူးကန်ထဲ ရေကူးသူအများစုသည် မျက်စိနီရဲသွားတတ်သည်။ ယင်းမှာ လူအများ ထင်နေသကဲ့သို့ ရေထဲက ကလိုရင်းကြောင့်မဟုတ်ဘဲ ရေကူးကန် ထဲရှိဆီးများကြောင့် ဖြစ်ကြောင်း လေ့လာသူတွေကဆိုသည်။ ရေကူးကန်ထဲ ဆီးသွားလေ့ရှိခြင်းသည် အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းအတွက် လူထုကို ပညာပေးရန် လိုအပ်ကြောင်းရောဂါ ကာကွယ် ထိန်းချုပ်ရေးစင်တာမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားခဲ့သည်။ ရေအရင်းအမြစ်နဲ့ ကျန်းမာရေး ကောင်စီက ပြုလုပ်သော စစ်တမ်းအသစ်အရ အမေရိကန်လူမျိုး ၇၁ ရာခိုင်နှုန်းသည် ရေကူးကန်ထဲက ဓာတုပစ္စည်းတစ်မျိုးကြောင့် ရေကူးပြီးနောက် မျက်စိနီပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်လာခြင်းဖြစ်သည်ဟု မှားယွင်းစွာ ထင်မြင်ထားကြသည်။
“ရေကူးကန်ထဲ ထည့်ထားတဲ့ကလို တခြားပိုးသတ်ဆေးတွေက ရောဂါပိုးတွေကို ထိခိုက်စေပါတယ်။ ရေကူးကန်ထဲ ဆီးသွားတာကြောင့် ကလိုရင်းဓာတ်တွေ ကုန်ခမ်းပြီး ရေကူးသမားတွေရဲ့ မျက်စိကို နီမြန်းလာစေပါတယ်” ဟု ရောဂါကာကွယ်ရေးစင်တာမှ မီရှဲလ်က ပြောသည်။
“ရေကူးသမားတွေက ရေကူးကန်ကို ရေကူးဖို့ပဲ သုံးသင့်တယ်။ အိမ်သာထဲမှာ ဆီးသွားဖို့၊ ရေချိုးခန်းထဲမှာ ရေမကူးခင် ဆေးကြောဖို့့လိုအပ်ပါတယ်” ဟု ကျွမ်းကျင်သူတွေက ပြောကြားခဲ့သည်။
Healthcare.com.mm
Ref:
Arogyam magazine, August 2015, No.277, Pg.84
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

