မျက်စိမထိခိုက်အောင် TV ဘယ်လိုကြည့်သင့်သလဲ
25-Feb-2017
ငယ်ငယ်တုန်းကဆိုရင် TV လျှော့ကြည့်ဖို့ အမေတွေ မကြာခဏဆုံးမတာ ကြုံဖူးကြမှာပါ။ TV ကြည့်တာကြောင့် မျက်လုံးကို တဖြည်းဖြည်း ထိခိုက်နိုင်တဲ့အတွက် ကြည့်တာလျှော့ဖို့ ပြောကြတာ ပါ။ ရုံးမှာ တစ်နေကုန် ကွန်ပျူတာနဲ့ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်ချိန်မှာလည်း TV အကြာကြီး ဆက်ကြည့်မယ်ဆိုရင် မျက်စိမလွဲမသွေ ညောင်းညာပြီး ထိခိုက်စေတာကြောင့် လုပ်ဆောင်သင့်တာ လေးအချို့ကို မျှဝေပေးလိုက်ပါတယ်။
မီးများဖွင့်ထားပါ-
အိပ်ရာထဲမှာအိပ်ရင်း မီးလေးအမှောင်ချပြီး TV ကြည့်တဲ့ အမူအကျင့်ဟာ မျက်စိကိုအဆုံးရွားဆုံး ထိခိုက်စေပါတယ်။ အမှောင်ထဲကနေ အာရုံစိုက်ပြီး ကြည့်ရတာဖြစ်လို့ မျက်စိမပင်ပန်းရလေအောင် TV ကြည့်တဲ့အခါ မီးတွေကို ဖွင့်ထားသင့်ပါတယ်။
အနားပေးပါ-
TV ဆီကို မျက်စိ မခွာဘဲအကြာကြီး ကြည့်နေမယ့်အစား ခဏထပြီး လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ ပြီးရင်လည်း အဝေးတစ်နေရာရာကို ခဏကြည့်ပေးတာမျိုး လုပ်ပေးရင်း မျက်စိကိုအနားပေးသင့်ပါတယ်။
သင့်လျော်သည့် အကွာအဝေးမှ ကြည့်ပါ-
TV နဲ့အနည်းဆုံး ရှစ်ပေကနေ ဆယ်ပေအကွာလောက် ကြည့်သင့်ပါတယ်။ နောက်ပြီး TVကိုလည်း ကိုယ်နဲ့တစ်တန်းတည်း သင့်လျော်တဲ့အမြင့်မှာ ရှိနေဖို့ လုပ်ထားရပါမယ်။ TV ကို မော့ကြည့်ရတာမျိုး မဖြစ်သင့်ပါဘူး။
မျက်စိညောင်းညာသက်သာ အောင် လုပ်ပါ-
TV ကြည့်ပြီးပြီ ဆိုတာနဲ့ မျက်စိက သေချာပေါက် ညောင်းညာသွားတာမို့ မျက်စိတစ်ဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးတာမျိုး၊ မျက်စိလေ့ကျင့်ခန်း လုပ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ နောက်ပြီး ရှစ်နာရီလောက်ကြာအောင် အိပ်စက်ခြင်းဖြင့် မျက်စိကို သေသေချာချာအနား ပေးသင့်ပါတယ်။
စူးရှလွန်းသော အလင်းများကို လျှော့ချပါ-
TV က ထွက်တဲ့ စူးရှလွန်းတဲ့ အလင်းရောင်တွေ အကြာကြီး မကြည့်မိစေဖို့ အထူးမျက်မှန်တပ်ပြီး ကာကွယ်လို့ရပါတယ်။
အလင်းလျှော့ TV သုံးပါ-
ခုနောက်ပိုင်းပေါ်လာတဲ့ မျက်နှာပြင်အပြား TV တွေက စူးရှလွန်းတဲ့ အလင်းတွေ ထုတ်လုပ်မှုနည်းလာတဲ့အတွက် TV ပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။ မျက်နှာပြင် ကြီးလေလေ၊ မျက်စိ အာရုံစိုက်ကြည့်ရတာ နည်းလေလေဖြစ်တာကြောင့် မျက်နှာပြင်ကြီးတဲ့ TV မျိုးသုံးစွဲသင့်ပါတယ်။
Healthcare.com.mm
-Ref: healthmeup