သိပ္ပံနည်းကျလေ့လာမှုအရ တွေ့ရှိရသည့် ပျော်ရွှင်စေကြောင်း နည်း ၁၀
25-Feb-2017
တရားထိုင်ပါ၊ ဦးနှောက်ကို ပြန်လည် တည်ငြိမ်စေပါတယ်။
ချစ်သူ၊ ခင်သူတွေနဲ့ အတူ သွားမယ့် ခရီးအတွက် စီစဉ်ပါ၊ မသွားရသေးဘဲနဲ့တောင် စိတ်ကြည်နူးနေမှာပါ။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ၊ စိတ်အပန်းပြေနေပါလိမ့်မယ်။
အလုပ်နဲ့ နီးနိုင်သမျှ နီးတဲ့ နေရာကို ပြောင်းရွှေ့နေထိုင်ပါ၊ အလုပ်အသွားအပြန်ခရီးဝေးတာကြောင့် ဖြစ်ရတဲ့ စိတ်ဖိစီးမှု လျော့ပါးသွားပါလိမ့်မယ်။
ရာသီဥတု သာယာတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ပါ၊
ထီးဆောင်းဖို့တော့ မမေ့ပါနဲ့။
ပြုံးနိုင်ဖို့ လေ့ကျင့်ပါ၊ ပြုံးပါ၊ ပြုံးရင်း ပြုံးရင်း ပျော်လာပါလိမ့်မယ်။
အိပ်ရေးဝဝ အိပ်စက်ပါ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ။
ကျေးဇူးတရားကို နားလည်ပါ၊ ကျေးဇူးတင်ထိုက်သူတွေကို ကန်တော့ပါ၊ အကောင်းမြင်စိတ် ပိုရှိလာပါလိမ့်မယ်။
တခြားသူတွေကို ကူညီပါ။ တစ်ပတ်မှာ အချိန် နှစ်နာရီလောက် တခြားသူတွေကို အကူအညီပေးတာကြောင့် သင့်စိတ်ထဲမှာ တကယ်ပျော်ရွှင်နေရမှာပါ။
တစ်နေ့မှာ အနည်းဆုံး ခုနစ်မိနစ်ခန့် လေ့ကျင့်ခန်း လုပ်ပေးပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် ဟော်မုန်း အထွက်တိုးတာကြောင့် ပျော်ရွှင်ရမှာပါ။
Healthcare.com.mm
Ref:
လရိပ်မေ
HealthyLifeJournal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

