မီးဖွားပြီးရင် ဘာကြောင့် စိတ်ကျဝေဒနာဖြစ်ရသလဲ
18-Jun-2018ကလေးမွေးပြီးတဲ့အခါ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့ကြောင့် စိတ်ခံစားမှု ပြောင်းလဲတတ်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်ခန့် ဝမ်းနည်းခြင်း၊ ကြေကွဲလွယ်ခြင်း၊ အပြစ်ရှိသကဲ့သို့ ခံစားရခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းစသည့်ခံစားချက်တွေဖြစ်တတ်ပါတယ်။ မီးဖွားပြီး စိတ်ကျဝေဒနာခံစားရတဲ့အခါတွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ အိပ်မပျော်ခြင်း၊ အအိပ်လွန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အစားလွန်ခြင်း၊ စိတ်ကြြွခင်း၊ စိတ်ကျခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း တို့ဖြစ်တတ်ပါတယ်။
Credit: ဇော်ကို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။