ခြေဖနောင့်ကြောရောင်ခြင်း သို့မဟုတ် ခြေသလုံးကြွက်သားအရွတ်ရောင်ခြင်း(Ach...
18-Jun-2018ခြေသလုံးရှိကြွက်သားအမျှင်များစုပေါင်း၍ Achilles အရွတ်ဖြစ်ပေါ်လာကာ
ထိုအရွတ်သည် ခြေသလုံးကြွက်သားနှင့် ခြေဖနောင့်ရိုးကိုတွယ်ဆက်ပေးထားသည်။
Achilles အရွတ် (သို့မဟုတ်) ခြေဖနောင့်ကြောသည် ကိုယ်ခန္ဓာတွင်
အကြီးဆုံးနှင့် အသန်မာဆုံးအရွတ်ဖြစ်သည်။ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း၊ ခုန်ခြင်းတို့
လုပ်ဆောင်ရာတွင် အဆိုပါအရွတ်၏ လုပ်ဆောင်မှုသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ ထိခိုက်ဒဏ်ရာရလွယ်သော
နေရာလည်းဖြစ်သည်။
အဆိုပါအရွတ်ယောင်ခြင်းသည် သက်လတ်ပိုင်း အားကစားသမားများတွင်
အဖြစ်များသည်။ခြေသလုံးကြွက်သားအရွတ်ယောင်ခြင်းတော်တော်များများမှာ မပြင်းထန်သော်လည်း
အရွတ်ပြဲထွက်သည့် အဆင့်ထိဖြစ်ပါက ခွဲစိတ်ကုသရန်လိုအပ်ပါသည်။
ပြေးလွှားခြင်း သို့မဟုတ် အားကစားလှုပ်ရှားမှု တစ်ခုခု လုပ်ပြီးသောအချိန်တွင်
ခြေဖနောင့်အထက်နား နာကျင်နေခြင်းသည် ခြေသလုံးအရွတ်ရောင်ခြင်း၏
အဓိက လက္ခဏာဖြစ်သည်။
အချိန်အကြာကြီး ပြေးလွှားခြင်း၊ လှေကားတက်ခြင်း နှင့် မတ်တပ်ရပ်နေခြင်းတို့သည်
နာကျင်ခြင်းကို ပို၍ဆိုးစေပါသည်။
ခြေသလုံးကြွက်သားအရွတ်၏လုပ်ဆောင်မှုသည် လမ်းလျှောက်ခြင်း၊
ပြေးလွှားခြင်း၊ ခုန်ခြင်းနှင့် မတ်တပ်ရပ်ခြင်းစသည့် ခြေထောက်လှုပ်ရှားမှုများတွင်ပါဝင်သည်။
ထို့ကြောင့် အားကစားသမားများနှင့် အလုပ်ကြမ်းလုပ်ရသောသူများတွင်
အဖြစ်များသည်။
အားကစားသမားဟုဆိုရာတွင် အားလပ်ရက်များမှသာ အားကစားလုပ်သောသူများ၊
အားကစားလှုပ်ရှားမှုများကို ရုတ်တရက် တိုးမြှင့်လိုက်သောသူများတွင် အဖြစ်များသည်။
၁။အသက် ၃၀ကျော်အမျိုးသားများ
၂။အားကစားသမားများ၊လှုပ်ရှားမှုများသူများ
၃။အဝလွန်သူများ
၄။သွေးတိုးရောဂါရှိသူများ
၅။ပဋိဇီဝ ပိုးသတ်ဆေးသောက်နေရသောသူများ (ဥပမာ-Fluoroquinolones)
အရွတ်ရောင်ခြင်းမကြာခဏဖြစ်ပါက အရွတ်ကွဲထွက်သည် အထိဖြစ်နိုင်ပါသည်။အရွတ်ကွဲထွက်ပါက
အရမ်းနာကျင်သည့်အတွက် အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်ပါသည်။
ရက်အနည်းငယ်ကြာသည့်တိုင် ခြေဖနောင့်အထက်နားတွင် နာနေပါက
ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။
နာကျင်ခြင်းသည် မခံမရပ်နိုင်အောင် ပြင်းထန်လာလျှင် အရွတ်ကွဲခြင်းဖြစ်နိုင်၍
အရေးပေါ်ကုသရန်လိုအပ်ပါသည်။
၁။ဆရာဝန်မှ နာကျင်သည့် နေရာအား လက်ဖြင့် စမ်းသပ်စစ်ဆေးခြင်း။
၂။ဓာတ်မှန်ရိုက်ခြင်း-ဓာတ်မှန်ရိုက်ခြင်းဖြင့် အရွတ်ယောင်ခြင်းကို
မသိနိုင်သော်လည်း အရိုးကျိုးခြင်း ၊အရိုးအတက်ထွက်ခြင်းကဲ့သို့သော နာကျင်မှုကိုဖြစ်စေသည်
့ အခြားအကြောင်းအရာများကို သိနိုင်ပါသည်။
၃။တယ်လီဗေးရှင်းဓာတ်မှန်-အရွတ်ယောင်ခြင်းကို သိနိုင်ပါသည်။
အဆင်ြ့မင့် တယ်လီဗေးရှင်းဓာတ်မှန်များသည် အရွတ်ဘေးပတ်လည်ရှိ သွေးစီးဆင်းမှုကိုပါ ပုံဖော်နိုင်ပါသည်။
၄။သံလိုက်ဓာတ်မှန်-အရွတ်ယောင်ခြင်းကို အတိအကျသိနိုင်ပါသည်။
၁။ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းများအတွက် အကိုက်အခဲပျောက်ဆေးများဖြင့်ကုသခြင်း။
၂။နာသည့်နေရာကို ရေခဲအိတ်ကပ်ပေးခြင်း ပြုလုပ်နိုင်ပါသည်။
၃။လေ့ကျင့်ခန်းလုပ်ခြင်း(လေ့ကျင့်ခန်းလုပ်နည်း မမှန်ကန်လျှင် အရွတ်ကိုဒဏ်ဖြစ်စေပြီး အရွတ်ကွဲသွားနိုင်သောကြောင့် သက်ဆိုင်ရာ ဆရာဝန်များ၏ ညွှန်ကြားမှု အတိုင်းသာ လုပ်သင့်သည်။)
(၁) ခြေသလုံးကြွက်သားလေ့ကျင့်ခန်း- ပထမဆုံး နံရံကို လက်နှစ်ဖက်လုံံးထောက်လိုက်ပါ။ခြေထောက်တစ်ချောင်းကို
နောက်သို့ဆန့်ထုတ်လိုက်ပါ။နောက်ခြေထောက်တစ်ချောင်းကို ရှေ့ထုတ်၍ ဒူးကိုကွေးထားပါ။ထိုပုံစံအတိုင်း
၁၀ စက္ကန့်ထားပါ။ပြီးလျှင် ပုံမှန်အတိုင်းြ့ပန်နေပါ။ ခြေထောက်ပြောင်းပြီး လုပ်ပါ။ ခြေထောက်တစ်ဖက်ကို
အကြိမ် ၂၀ ခန့်ပြုလုပ်ပေးပါ။
(၂)ခြေဖနောင့်လေ့ကျင့်ခန်း
လှေကားထစ်အစွန်း သို့မဟုတ် ပလက်ဖောင်းအစွန်းတွင် ခြေစုံရပ်ပါ။ခြေဖဝါးတစ်ဝက်ကို အပေါ်တွင်ထားပြီး ဖနောင့်များကို အောက်သို့ အနည်းငယ်ကျသည့် အနေအထားဖြင့်ထားပါ။ပြီးလျှင် ဖနောင့်များကို ပင့်တင်သည့် အနေအထားရအောင်လုပ်ပါ။ ဖြည်းညင်းစွာ မလုပ်ပါက အရွတ်ကို ဒဏ်ဖြစ်သွားစေပါသည်။အကြိမ်၂၀ခန့်လုပ်ပေးပါ။
၄။အရွတ်ရောင်သည့် အချိန်တွင် နောက်ပိုင်းအနည်းငယ်မြင့်ပြီး
သက်တောင့်သက်သာဖြစ်စေမည့် ဖိနပ်ကိုစီးပါ။
၅။ခွဲစိတ်ကုသခြင်း- အရွတ်ရောင်ခြင်းသည်ခွဲစိတ်ကုသစရာ မလိုသော်လည်း
အရွတ်ကွဲထွက်ခြင်းဖြစ်ပါက ခွဲစိတ်ကုသရန်လိုအပ်ပါသည်။
R.I.C.E ဟု အတိုကောက်မှတ်နိုင်သည်။
R=rest -အရွတ်ရောင်နေသည့် အချိန်တွင် ပြင်းထန်သောလေ့ကျင့်ခန်း
ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။အနားပေးပါ။လိုအပ်ပါက လမ်းလျှောက်အထောက်အကူ ပစ္စည်းများကို
အသုံးပြုရပါမည်။
I=ice-နာသည့် နေရာကို ရေခဲကပ်ပေးပါ။မိနစ် ၂၀ခန့်ကပ်ပေးပါ။
C=compression-နာသည့်နေရာကို ကျုံ့ဆန့်နိုင်သည့်ပတ်တီးစီးပေးခြင်းဖြင့်
ရောင်ရမ်းနာကျင်ခြင်းများကို သက်သာစေနိုင်သည့် အပြင် အရွတ်၏လှုပ်ရှားမှုကိုပါ ထိန်းပေးပါသည်။
E=elevation-ဖြစ်သည့်ခြေထောက်ကို မြှောက်ထားပေးခြင်းဖြင့်
ရောင်ရမ်းနာကျင်ခြင်းများကို သက်သာစေပါတယ်။ညဘက်အိပ်သည့် အခါတွင် ဖြစ်သည့်ခြေထောက်ကို
မြင့်သည့်နေရာတွင် တင်၍ အိပ်ပေးပါ။
၁။အားကစားလှုပ်ရှားမှုများကို ပုံမှန်အတိုင်းလေ့ကျင့်ပါ။ရုတ်တရက်အပြင်းအထန်လေ့ကျင့်ခြင်းများကို
ရှောင်ကြဉ်ပါ။
၂။သက်တောင့်သက်သာဖြစ်ပြီး သင့်တော်သော ဖိနပ်ကိုရွေးချယ်ပါ။ခြေဖနောင့်ကို
အထောက်အပံ့ဖြစ်စေမည့် နောက်ပိုင်းခုံ အနည်းငယ်မြင့်သော ဖိနပ်များသည် ပို၍ သင့်တော်ပါသည်။
၃။အားကစားမလုပ်မီနှင့် မနက်ခင်းတိုင်းတွင် အကြောလျှော့လေ့ကျင့်ခန်းများကို အမြဲလုပ်ဆောင်ပါ။အထူးသဖြင့် ခြေသလုံးကြွက်သားအကြောလျှော့လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။
Translated by Dr Khin Jyujyu Ko
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။