အရိုးအဆစ် ရောင်ရမ်းခြင်းနှင့် ရှောင်ရန်၊ဆောင်ရန်
21-Jun-2018အရိုးအဆစ်ရောင်ရောဂါရှိသူများဟာ အစားအသောက်နဲ့ပတ်သက်ပြီးဆောင်ရန်၊ ရှောင်ရန်တွေကိုမေးလေ့ရှိကြတယ်။ ယူရစ်အက်စစ်များ၍ဖြစ်သောဂေါက်ရောဂါ၊အဝလွန်၍ဖြစ်သောအရိုးကျီးပေါင်းတက်ရောဂါတို့ကတော့ အစားအသောက်ကို ဆင်ခြင်စားသောက်ဖို့လိုတယ်။ဂေါက်လို့ခေါ်တဲ့အဆစ်ရောင်ရောဂါရှိရင် နေ့တိုင်းနို့တစ်ခွက်သောက်သင့်တယ်။ရေကိုလည်းများများသောက်သင့်တယ်။ ယူရစ်အက်စစ်မြင့်တက်စေတဲ့ သားငါးများမှာပါတဲ့ ဝမ်းတွင်းကလီစာ၊ငါးဥ၊မျှစ်၊ပဲမြစ်၊အစေ့အဆန်များတဲ့အဆီ ၊ဘီယာဝိုင်နဲ့စည်သွတ်ဘူးတွေကိုရှောင်သင့်တယ်။ အမဲသားများများစားခြင်း၊ ပင်လယ်စာ(ဂုံး၊ခရု၊ ပြည်ကြီးငါး)တွေကိုရှောင်ရမယ်။ အသီးအနှံကို စားလို့ရပေမဲ့ ခရမ်းချဉ်သီးနဲ့ အာလူးတို့မှာပါတဲ့ အယ်ကာလွိုက်တစ်မျိုးက လူတချို့ကိုအရိုးအဆစ်ရောင်စေနိုင်လို့ ဆင်ခြင်ရပါမယ်။
အရိုးကျီးပေါင်းတက်ရောဂါရှိသူဟာ ကိုယ်အလေးချိန်များခြင်းကို လျှော့ချဖို့ဆိုရင် အစားအသောက်ဆင်ခြင်မှုက အဓိကကျတယ်။ ဒါပေမဲ့လည်း မစားဘဲနဲ့တော့ အာဟာရမဖြစ်၊ ဗိုက်မဝတာမို့စားတော့စားရပါမယ်။ သို့သော်အများကြီးမစားပါနဲ့။ ညနေစာကို ထမင်းမစားဘဲပေါင်မုန့်၊ ဘီစကွတ် စားရမယ်။ ဟင်းကိုထမင်းလိုစားပြီး ထမင်းကိုဟင်းလိုစားပါ။ ဟင်းချက်တဲ့အခါ အနှစ်များများထည့်စားရင် ဝစေတယ်။
အသားဖတ်သာယူစားတာတို့ ဟင်းသီးဟင်းရွက်ကြော်စားတာတို့ဟာ တင်းတိမ်သွားတတ် လို့ဟင်းကိုထမင်းလိုစားခိုင်းတာဖြစ်တယ်။ ရှောင်သင့်တာက အသင့်စားပြုလုပ်ထုပ်ပိုးထားတဲ့ ''စနပ်'' အစားအစာ ဖြစ်သောငါးမုန့်ကြော်၊ အာလူးကြော်၊ အီကြာကွေးတို့ဖြစ်ပြီး စပျစ်သီး၊ လိမ္မော်သီးနဲ့ ဆီးသီးစားနိုင်တယ်။ ဗီတာမင်စီလွန်ကဲရင် ကျီးပေါင်းတက်တာ ပိုဆိုးစေတယ်။ တစ်နေ့ ၁ဝဝ မီလီဂရမ်ထက် မပိုသင့်ဘူး။ ဆေးလိပ်၊ အရက်နဲ့ကော်ဖီဖြတ်ရမယ်။ နေ့စဉ်နာရီဝက် အားကစားလေ့ကျင့်ခန်း(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ရမယ်။ တစ်နေ့ ရေတစ်ပုလင်းမှ နှစ်ပုလင်းသောက်သင့်တယ်။
လေးဖက်နာရောဂါဟာ အရိုးကျီးပေါင်းထက် ပိုဆိုးတယ်။ အဝလွန်ခြင်းကြောင့်ဖြစ်တတ်တယ်။ ဝက်ဆီ၊ နှစ်ခါပြန်ကြော်ဆီ၊ ဆီအုန်းဆီတို့နဲ့
ကြော်လှော်ထားတဲ့ အစားအစာတွေကိုမစားရ။ မပြည့်ဝဆီ (မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ)နဲ့ ကြော်လှော်
ထားတဲ့ အစားအစာကိုသာစားသင့်တယ်။ ဟမ်ဘာဂါ၊ ကြက်ကြော်စတဲ့ အသင့်အမြန်စား အစားအစာတွေဟာ
အချို၊ အငန်၊ အဆီ(ပြည့်ဝဆီ) လွန်ကဲနေလို့ မစားသင့်ဘူး။ ပင်လယ်ငါးများများစားသင့်တယ်။
ပင်လယ်ငါးမှာအိုမီဂါ(၃)၊ (၆)နဲ့ ဖက်တီးအက်စစ်ပါဝင်လို့ ရောင်ရမ်းမှုမှ ကာကွယ်ပေးတယ်။
Credit : Original Writer
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။