Print

ဆယ်ကျော်သက် နှင့် မျိုးဆက်ပွားကျန်းမာရေး

  22-Jun-2018
Preview Image

မှားယွင်းစွာယုံကြည်တတ်သောသားဆက်ခြားနည်းလမ်းများ

သွေးပေါ်စဉ်လိင်ဆက်ဆံခြင်း

ပထမဆုံးပြောချင်တာကတော့ သွေးပေါ်နေစဉ် လိင်ဆက်ဆံပါကကိုယ်ဝန်မရနိုင်ဘူးဆိုတာ အားလုံးသိကြပါတယ်။ဒါပေမယ့်အဲဒီသွေးပေါ်တာကရာသီသွေးပေါ်တယ်ဆိုတာသေချာဖို့လိုအပ်ပါတယ်။ဘာလို ့လည်းဆိုတော့ တစ်ချို့အမျိုးသမီးတွေမှာမမျိုးဥကြွေတဲ့အချိန်မှာသွေးဆင်းတတ်လိုပါပဲ။အဲဒီမမျိုးဥကြွေတဲ့အချိန်ကကလေးအရနိုင်ဆုံးအချိန်ပေ့ါ။အမျိုးသမီးတယောက် ဘယ်အချိန် မမျိုးဥကြွေမလဲဆိုတာ အတိအကျခန့်မှန်းရခက်လှတယ်။ နောက်တစ်ခုကတော့ အဲဒီသွေးဆင်းနေတဲ့အချိန်မှာလိင်ဆက်ဆံယင် HIV ကူးစက်တတ်ပါတယ်။

လိင်ဆက်ဆံပြီးနောက်တွင် အပေါ့သွားခြင်း
တစ်ချို့က ရှိတတ်တယ်။ လိင်ဆက်ဆံပြီးရင် အပေါ့သွားလိုက်ရင် ကိုယ်ဝန်မရနိုင်တော့ဘူး။ သုတ်ပိုးတွေ ပါသွားမယ်ပေါ့။ တကယ်တော့ လုံး၀ မသက်ဆိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဆီးသွားတဲ့ အပေါက်နဲ့ မိန်းမကိုယ်နဲ့ကတခြားဆီပါဒါကြောင့်ဆီးသွားလိုက်လဲသုတ်ပိုးတွေကမပါသွားပါဘူး။

ရေဆေးခြင်း
တစ်ချို့က လိင်ဆက်ဆံပြီးယင် ရေဆေးတတ်တယ်။ တကယ်တော့ရေဆေးလိုက်ယင်သုတ်ပိုးတွေ
ကိုဆေးချတာမရောက်တဲ့အပြင်အပေါ်ကိုတွန်းတင်သလိုတောင်ဖြစ်သွားတတ်ပါသေးတယ်။ တစ်ချို့ကျတော့ ရေကိုနာနာဆေးတတ်တယ်။အဲလိုဆေးလေမိန်းမကိုယ် အတွင်းသားတွေ ပွန်းလေလေရောဂါကူးစက်တတ်လေလေပါပဲ။ဒါကြောင့် အခုပြောသွားတဲ့ အချက်တွေ အားလုံးက ကိုယ်ဝန်ကို မကာကွယ်ပေးနိုင်ပါဘူးကွယ်။

Credit: Srh4youth

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18