Print

အမျိုးသားများ ဆံပင်ဘာကြောင့်ကျွတ်ရတာလဲ

  23-Jun-2018
Preview Image

ဆံပင်ကျွတ်ခြင်းဆိုတာအဖြစ်များတဲ့ပြသနာ American Hair Loss Associationရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါးဆယ်အနား
ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကိုရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သောယောင်္ကျားတွေမှာ အသက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ရှိပါတယ် ။


ဆေးလိပ်ဖြတ်ခြင်းကသင့်ဆံပင်ကျွတ်ခြင်းကိုကာကွယ်နိုင်သလား
လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုးရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာဆံပင်ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ။


ဘယ်အရာတွေကဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ
အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာအမှန်တော့ မျိုးရိုးဗီဇ (Genetic trait) ကြောင့်သာလျှင်ဖြစ်ပါတယ်။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ်။ တချို့ ဆံပင်ကျွတ်ခြင်းတွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့်၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်းများပြားနေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာမရှိလို့ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်းသို့မဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။


ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil
မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကိုကုသဖို့ နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင်ကျွတ်တာကို နှေးအောင်တော့ ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦးရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက် ဖြစ်ပါတယ် ။ အဲဒီဆေးဟာယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင် ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် 
သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်း ပြန်ဖြစ်နေမှာပါပဲ ။


မျိုးရိုးဗီဇအရဆံပင်ကျွတ်ခြင်းကိုဘာတွေမျှော်လင့်မလဲ
မျိုးရိုးဗီဇအရဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာ
တွေတော့ M ပုံသဏ္ဍာန် လမ်းကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်က ဆံပင်ဟာစတင်ပြီး ပါးလာပါလိမ့်မယ်။ နောက်ပြီးတော့ အကွက်လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလိုတပြိုင်နက် လမ်းကြောင်းနှစ်ခုဆုံတွေပြီဆိုရင် မြင်းခွာပုံသဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကိုပုံဖော်ထားတဲ့ဟာကို Norwood scale လို့ခေါ်ပါတယ် ။


Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား
ဒီမျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာဆံပင် ဆံပင်ချောင်း( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေ အရမ်းကိုသေးငယ်ပါးလွှာလာတာနဲ့ တပြိုင်နက် အဲဒီနေရာမှာဆံပင်တွေဆက်လက်

မကြီးထွားတော့ပါဘူး ။


ဆံပင်ကျွတ်ခြင်းအတွက် Finasteride
ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ်။ အဲဒီလိုဆေးတွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကိုလည်းနှေးကွေးစေပါတယ်။ အဲဒီဆေးကိုသောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်ပြန်ပေါက်လာတာ တွေ့ရပါသေးတယ်။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင် ပိုကောင်းပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကိုမသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသားယောင်္ကျားလေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက် ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်းသုံးတဲ့ အချိန်ကာလအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။


သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံးထိမ်းသိမ်းပါ

သင့်ရဲ့ဆံပင်ကျွတ်ခြင်းကိုလူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ်။ ပါးနေတဲ့ ဆံပင်တွေကိုညှပ်ထုတ်ခြင်းက သင့်ကိုသိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင်ထိန်းသိမ်းခြင်းနဲ့ ပြု ပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကိုထူစေမှာပါ။ မျှတဲ့အာဟာရကိုစားသောက်ခြင်းနဲ့ ဆံပင်ကိုဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။


အကောင်းဖက်ကိုပဲတွေးပါ
ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာဒီထက် အရေးကြီးတဲ့အရာတွေ ရှိသေးတယ်ဆိုတာသတိရပါ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ။ ဥပမာ အပူထဲ သိပ်မထွက်ပဲ နေရိပ်ထဲမှာနေခြင်းမျိုးပေါ့။ ဒါတွေဟာလည်း သင့်ကိုအထောက်အကူပေးပါတယ်။ အကယ်၍သင့်စိတ်ကို မြှင့်တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကိုအတုယူပါ။ ပြီးတဲ့နောက်မှာတော့ အရာအားလုံးကိုအကောင်းမြင်နိုင်အောင်

ကြိုးစားပါ။


Credit: သက်တန့်ချို 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18